CNA ၊မြတ်သူ ။
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ပွဲအတွင်းက စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မိုင်း နဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် တစ်ပတ်ကျော် အတွင်းမှာ သေဆုံးသူ ၁ ဦး နဲ့ ဒဏ်ရာ ရသူ ၁၃ ဦးထိရှိခဲ့တယ်လို့ CNA ရဲ့ စာရင်းတွေ အရ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရသူ နဲ့ သေဆုံးသူတွေက တောင်ကုတ်၊ မြေပုံ၊ဂွ နဲ့ မြောက်ဦးမြို့နယ်တွေက ဖြစ်ကြပါတယ်။
ဧပြီလ ၁ ရက်နေ့က နေ ၁၀ ရက်နေ့ အတွင်း စစ်ကျန်လက်နက် နဲ့ မိုင်းပေါက်ကွဲမှုကြောင့် ဂွမြို့နယ် အတွင်းမှာ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး တောင်ကုတ်မြို့နယ်အတွင်းမှာတော့ စစ်ကျန်မိုင်း နင်းမိပြီး ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁ ဦးဟာလည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၄ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ ရပါတယ်။ အဲဒီလိုပဲ မြောက်ဦးမြို့နယ် အတွင်းမှာလည်း မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ စစ်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး မြေပုံမြို့နယ်အတွင်းမှာလည်း မိုင်းနင်းမိလို့ ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေ အတွင်းမှာ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ဝင်ခွင့်ပေးပြီးတဲ့ နောက် မိုင်းရှင်းလင်းရေးတွေ နဲ့ မိုင်အသိပညာပေးတွေလုပ်ငန်းတွေကို အာရက္ခတပ်တော်ကဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် ဒေသခံ ပြည်သူတွေဟာ စားဝတ်နေရေး အတွက် ဟင်းစားရှာသွားရာကနေ အခုလို မိုင်းပေါက်ကွဲမှုတွေ နဲ့ ဆက်တိုက်ရင်ဆိုင်နေကြရပြီးတော့ ကိုယ်လက် အင်္ဂါဆုံးရှုံးတာတွေ အပြင် အသက်ဆုံးရှုံးနေရတာတွေလည်းရှိလာနေတာ ဖြစ်ပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ လပိုင်းကတည်းကပင် ဒေသခံပြည်သူ အများစုဟာ မိုင်း နဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာစတာတွေ နဲ့ ဆက်တိုက်ရင်ဆိုင်လာနေရပြီးတော့ ဒီကိစ္စဟာ ရခိုင်ဒေသမှာ အရေးတကြီးဖြေရှင်းပေးဖို့ လိုအပ်လာနေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်လာနေပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.