CNA ၊ဂူးဂူး။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တောင်ကုတ်မြို့နယ်အတွင်းမှာ မပေါက်ကွဲသေးဘဲ ကျန်နေသေးတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကျောက်ကြားညှပ်နေတာကို ဆွဲနှုတ်ရာကနေ ဗုံးသီးပေါက်ကွဲပြီးတော့ဒေသခံ တစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဒေသခံ ကတော့ အသက် ၄၀ကျော်အရွယ် တောင်ကုတ်မြို့စေတီကွင်းကျေးရွာက ဦးမောင်သိန်းဆိုသူ ဖြစ်ပြီးတော့ သူပိုင်ဆိုင်တဲ့ လယ်ချိုင့်တောင် အတွင်းမှားရှိတဲ့ ယာခင်းတိုးရှင်းနေတဲ့ နေရာမှာ မပေါပ်ကွဲဘဲ ကျန်ရှိနေတဲ့ စစ်ကျန်ဗုံးသီးကို ဆွဲနှုတ်ကြည့်ရာကနေ အခုလို ပေါက်ကွဲပြီးတော့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံ တစ်ဦးကပြောပါတယ်။
“အဲဒီနေ့က သူတို့ သားဖနှစ်ယောက်က ယာခင်းထဲမှာ တောရှင်းဖို့ သွားတာလို့ပြောတယ်။အဲဒီမှာ မပေါက်သေးတဲ့ စစ်ကျန်လက်နက်က ကျောက်ကြားမှာ ညှပ်နေတာကို သွားပြီးတော့ ဆွဲနှုတ်ရာကနေပြီးတော့ ပေါက်ကွဲပြီးတော့ သေဆုံးခဲ့ရတာ လို့ သိရတယ်”လို့ ဆိုပါတယ်။
အာရက္ခတပ်တော်က တောင်ကုတ်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်တွေဟာ ဒီလယ်ချိုင့်တောင် အနီးမှာ တပ်စွဲ နေထိုင်ခဲ့ကြတဲ့ နေရာ တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုးကြုံတွေရတာဟာလည်း ပြည်သူတွေ အနေ နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ နဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ မိုင်း နဲ့ စစ်ကျန်လက်နက် ဟောပြောပွဲပြုလုပ်တဲ့ အချိန်အခါမှာ ဒေသခံတွေ အနေ နဲ့ ဂရုတစိုက် လာရောက်နားဆင်တာတွေ မရှိတဲ့ အတွက် အခုလို မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေ နဲ့ ဆက်တိုက်ရင်ဆိုင်လာနေကြရတာဖြစ်တယ်လို့ တောင်ကုတ်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူ တစ်ဦးကပြောဆိုပါတယ်။
“အဓိကတော့ ပြည်သူတွေကလည်း အသိပညာပေးဟောပြောမယ်လို့ ခေါ်လိုက်ရင် အမျိုးသမီးတွေပဲ ရောက်လာတယ်။အမျိုးသားတွေက မပါ လာရင်လည်း ပြောပြနေသူကပြောပြ အချိန်ပြည့်ပြန်သွား အဲဒီလိုဖြစ်နေတာ ရွာက လူကြီးက လာရမယ်ဆိုလို့သာလာရတာ စိတ်မဝင်စားကြဘူး ဖြစ်လာတဲ့ အခါမှသာ နောင်တ ရနေကြတာ။အခုက ဒီမိုင်း နဲ့ စစ်ကျန်လက်နက်ဟောပြောပွဲတွေကို ပြည်သူတွေက ဂရုတစိုက်နဲ့ နားထောင်ဖို့လိုတယ်။အဲဒီလို နားမထောင်ဘဲ တွေ့ရင် စူးစမ်းလိုစိတ် နဲ့ ပေါက်ကရတွေလုပ်တော့ မလိုအပ်ပဲ သေကြတာ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေ ဖြစ်တယ်”လို့ သူကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ လက်ရှိမှာ ရခိုင်က မြို့နယ် ၁၇ ခုရှိတဲ့ အထဲက မြို့နယ် ၁၄ ကို အပြီးသတ်သိမ်းပိုက်ရရှိတာဖြစ်ပြီးတော့ အဲဒီလို သိမ်းပိုက်ရရှိထားတဲ့ မြို့တွေမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းတာ၊စစ်ကျန်လက်နက် နဲ့ မိုင်းအသိပညာပေးဟောပြောတာတွေကို ဆက်တိုက်လုပ်ဆောင်ပေးတာတွေရှိနေပေမယ့် ဒေသခံ ပြည်သူတွေဟာ မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာတွေကြောင့် မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေကို ဆက်တိုက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။





Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/en-NG/register-person?ref=YY80CKRN
**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.