CNA ၊ မြတ်သူ။
တောင်ကုတ်မြို့ အတွင်းမှာ ဧပြီလ ၂၇ ရက် နေ့လယ် ၂ နာရီကျော်လောက်က စစ်ပွဲအတွင်းက ကျန်နေခဲ့တဲ့ စစ်ကျန်မြေမြုပ်မိုင်းကို နင်းမိလို့ အရပ်သားပြည်သူ ခြေထောက်တစ်ဖက်ပြတ်ထွက်ကာ ထပ်မံ ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိသွားတဲ့ သူကတော့ တောင်ကုတ်မြို့ ဖုံညိုကျေးရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်ချိုသက်ဖြစ်ပြီးတော့ နေအိမ်ခြံဝင်းအတွင်း သီးပင်စားပင် စိုက်ပျိုးဖို့ အတွက် မြေကြီးကို တူးရာကနေ အခုလို ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးတော့ ခြေထောက်တစ်ဖက် ပြတ်ထွက် သွားခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
“သူတို့ ခြံထဲမှာ ချဉ်ပေါင်ပင်တို့ ခရမ်းပင်တော့ စိုက်ပျိုးဖို့ အတွက် မြေကို တူးတဲ့ အခါမှာ အဲဒီမိုင်းကို ပေါက်မိပြီးပေါက်ကွဲတာဖြစ်တယ်။ညာဖက်ခြေထောက်ပေါ့ ပြတ်သွားတာ။ခြေထောက်ကို ဖြတ်လိုက်ရတယ်။လူနာကတော့ အေးဆေးဖြစ်နေပြီလို့”သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာက အမျိုးသားတစ်ဦးဟာ ယာခင်းအတွင်း ကျောက်ကြားမှာ ညပ်နေတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ဆွဲနုတ်ရာကနေ မိုင်းပေါက်ကွဲပြီးတော့ သေဆုံးတာ ရှိခဲ့ရပါသေးတယ်။
အာရက္ခတပ်တော် သိမ်းပိုက်ထားပြီးဖြစ်တဲ့ ရခိုင်က မြို့နယ် ၁၄ ခုမှာ အာရက္ခတပ်တော်က စစ်ကျန်မိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကို အသိပညာပေးဟောပြေတာတွေ ဆက်တိုက်လုပ်ဆောင်ပေးတာရှိနေပေမယ့် ဒီစစ်ကျန်းမိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေမှာ စစ်ကျန်မိုင်း နဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးတာ ကိုယ်လက် အင်္ဂါ ထိခိုက်ဒဏ်ရာ ရတာတွေကို မကြာခဏဆိုသလို့ ဆက်တိုက်ရင်ဆိုင်နေကြရပါတယ်။





I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.info/register?ref=IHJUI7TF