တောင်ကုတ်မြို့ ရန်ခိုကျေးရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ ထော င်ထားခဲ့တဲ့ မိုင်း အလုံးရေ ၂၀ဝ ကျော်ကို အာရက္ခတပ်တော်က ရှင်းလင်းပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီမိုင်းရှင်းလင်းရေးကို အာရက္ခတပ်တော်က မေလ ၅ ရက်နေ့ တစ်ရက်အတွင်းမှာ ရှင်းလင်းခဲ့တာဖြစ်ပြီးတော့ မိုင်းအလုံးရေ ၂၀၄ လုံးအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တစ်ရက်အတွင်း မိုင်းအလုံးရေ ၂၀၀ ကျော်ထိ ရှင်းလင်းရရှိခဲ့တဲ့ ရန်ခိုကျေးရွာဟာ စစ်ကောင်စီအခြေစိုက် တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၂၄၆၊ခမရ ၅၄၄ တပ်တွေ နဲ့ မနီးမဝေးမှာ ရှိတဲ့ ကျေးရွာ တစ်ရွာဖြစ်ပြီးတော့စစ်ကောင်စီတပ်တွေဟာ သူတို့ အသက်ကို ကာကွယ်နိုင်ဖို့အတွက် မြေမြုပ်မိုင်းတွေကို တိုက်ပွဲအတွင်းမှာ အလွန်အကျွံသုံးကာ သူတို့နေထိုင်ရာ တပ်စခန်းတွေ အ ပြင် ကျေးရွာတွေ၊အများပြည်သူအသုံးပြုသွားလာနေတဲ့ လမ်းတွေ နဲ့ ရွာအနီးဝန်းကျင်က တောတောင်တွေမှာပါ မိုင်းတွေကိုထောင်ထားခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
ဒီလို စစ်ကောင်စီတပ်တွေက မိုင်းတွေကို အလွန်အကျွံသုံး ထောင်ထားခဲ့ကြတဲ့ အတွက် ရန်ခိုကျေးရွာ အနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေဟာ မိုင်းပေါက်ကွဲမှု အန္တရာယ်ကို မကြာခဏဆိုသလိုကြုံတွေ့နေကြရတာကြောင့် ဒေသခံတွေမှာ စိုးရိမ်တကြီး နဲ့ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။
အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့တစ်ခုလုံးကို စစ်ကောင်စီတပ်တွေ လက်ထဲကနေ အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ ဒေသအတွင်းမိုင်းရှင်းလင်းရေးတွေ၊မိုင်းအသိပညာပေးတွေ၊ စစ်ကျန်လက်နက် အန္တရာယ်ကာကွယ်ရေး အသိပညာပေးတွေကို ဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် တော င်ကုတ်မြို့ ဒေသခံတွေ ဟာ မိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်တွေကိုဆက် တိုက်ရင်ဆိုင်ကြုံတွေ့နေကြရဆဲ ဖြစ်ပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော် အနေ နဲ့လည်း မိုင်းရှင်းလင်းရေး နဲ့ မိုင်းအသိ ပညာပေးလုပ်ငန်းတွေကို ဒီထက်ပိုမိုဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်သလို ဒေသခံပြည်သူတွေ အနေ နဲ့လည်း အာရက္ခတပ်တော်က မိုင်းအသိပညာပေး ဟောပြောမှုတွေကို ဂရုတစိုက်နဲ့ နားဆင်ကာ လိုက်နာဖို့ လိုအပ်တယ်လို့ တောင်ကုတ်မြို့ လူမှုအဖွဲ့အစည်း တွေက အကြံပြု ပြောဆိုကြပါတယ်။