Home သတင်း မိုင်းအန္တရာယ် တောင်ကုတ်မှာ စစ်ကျန်မိုင်း နင်းမိလို့ အမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ

တောင်ကုတ်မှာ စစ်ကျန်မိုင်း နင်းမိလို့ အမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ

37
0

CNA၊လင်းလင်း။

တောင်ကုတ်မြို့နယ်အတွင်းက ဒေသခံ တစ်ဦးဟာ စစ်ကျန်မိုင်းကို နင်းမိပြီးတော့ ခြေထောက်တစ်ဖက်ပြတ်ထွက်ကာ ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ပြောပါတယ်။

ဖြစ်စဥ်ကတော့ ဒီနေ့ ဇွန်လ ၃၀ ရက်မနက်ပိုင်းမှာ တောင်ကုတ်မြို့၊ ကံပိုင် ရပ်ကွက်က အသက် ၃၈ နှစ်အရွယ် ကိုစိုးနိုင်ဆိုသူဟာ တောင်ကုတ်မြို့အတွင်းမှာရှိတဲ့ ယခင်စစ်ကောင်စီတပ်ရဲ့အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ခြံစည်းရိုး အနီးဟင်းခူးသွားရာကနေ စစ်ပွဲအတွင်းက ထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိပြီးတော့ အခုလို ခြေထောက်ပြတ်ထွက် ဒဏ်ရာ ရရှိခဲ့ရတာလို့ တောင်ကုတ်မြို့ခံ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ကိုစိုးနိုင် နင်းမိခဲ့တဲ့ မိုင်းဟာ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မိုင်းဖြစ်တယ်လို့လည်းဆိုပါတယ်။

မိုင်းပေါက်ကွဲဒါကြောင့် ညာဘက်ခြေထောက် ဒူးဆစ်အောက်ကပြတ်ထွက် သွားတဲ့ ကိုစိုးနိုင် ရဲ့ ဒဏ်ရာကိုတော့ လက်ရှိမှာ အရေးပေါ် ဆေးကုသပေးတာတွေ လုပ်ဆောင်ပေးထားတယ်လို့လည်း ပြောပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကလည်း စစ်ပွဲအတွင်းက ကျန်နေခဲ့တဲ့ မိုင်းကို ပေါက်တူး နဲ့ ပေါက်မိရာကနေ ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိတာလည်း ရှိခဲ့ပါသေးတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ သူတို့အခြေ ချ နေထိုင်ရာ နေရာ အနီးတဝိုက်တွေ၊လူနေအိမ်ခြံတွေ ၊လမ်းတွေမှာ မြေမြုပ်မိုင်းတွေကို အလွန်အကျွံံ့သုံးထောင်ထားခဲ့တာတွေရှိခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ မိုင်း အန္တရာယ်တွေ နဲ့ မကြာခဏ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here