Home သတင်း မိုင်းအန္တရာယ် ■ အမ်းမှာ စစ်ကျန်မိုင်းနင်းမိလို့ အရပ်သားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက် ဒဏ်ရာရ

■ အမ်းမှာ စစ်ကျန်မိုင်းနင်းမိလို့ အရပ်သားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက် ဒဏ်ရာရ

36
0
ပုံ၊ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေမှာ မိုင်းအသိပညာပေးလုပ်ဆောင်နေမှုမြင်ကွင်း။

အမ်းမှာ အရပ်သားတစ်ဦး စစ်ကျန်မိုင်းနင်းမိပြီးတော့ ခြေထောက်တစ်ဖက်ပြတ်ထွက် ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခြေတဖက်ပြတ်ထွက် ဒဏ်ရာ ရရှိသွားတဲ့ သူကတော့ အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ င/လက်ကျကျေးရွာက အသက် ၃၁ နှစ်အရွယ် ဦးသန်းရွှေဖြစ်တယ်လို့ ဆိုပါသည်။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက အမ်း – မအီးကားလမ်း ဘေးမှာရှတဲ့ ချောင်းကမ်းနဘေးမှာ မျှစ်ခူးသွားရာကနေ စစ်ကျန်မိုင်းကို နင်းမိပြီးတော့ ဘယ်ခြေထောက်တစ်ဖက် ပြတ်ထွက်ပြီးတော့ ကိုယ်လက်တွေမှာလည်း ဒဏ်ရာ ရရှိသွားခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလမ်းကမ်းနဘေးတလျှောက်မှာ စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့စဥ်က စစ်ကောင်စီတပ်တွေက ထောင်ထားခဲ့တဲ့မိုင်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမ်းမြို့နယ် တစ်ခုလုံးကို စစ်ကောင်စီလက်ထဲကနေပြီး အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူတွေ နေရပ်ပြန်ဝင် နေထိုင်နိုင်ဖို့ နဲ့ တောတောင်တွေမှာ ရှာဖွေစားသောက်နိုင်ဖို့အတွက် အာရက္ခတပ်တော်က စစ်ကောင်စီတပ်တွေ အခြေချနေထိုင်ခဲ့တဲ့ နေရာတွေကို မိုင်းရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် အနေ နဲ့ မိုင်းရှင်းလင်းရေးတွေ လာပ်ဆောင်ပေးတာတွေရှိနေပေမယ့် စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲကာလအတွင်းမှာ မိုင်းတွေကို အလွန်အကျွံသုံးထောင်ထားခဲ့တဲ့ အတွက် အခုလိုအရပ်သားတွေ ထိခိုက် ဒဏ်ရာရတာတွေ ရှိနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရခိုင်က အာရက္ခတပ်တော်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့တွေမှာ နေထိုင်နေကြတဲ့ အရပ်သားပြည်သူတွေဟာ စစ်ကျန်မိုင်း၊စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာ ရတာတွေများစွာ ရှိနေဆဲဖြစ်ပါတယ်။

သတင်း ၊ မြတ်သူ။

LEAVE A REPLY

Please enter your comment!
Please enter your name here