Home သတင်း မိုင်းအန္တရာယ် မြောက်ဦးမှာ လက်ပစ်ဗုံးကို ဆော့စကားလို့ ကလေးငယ်တစ်ဦးသေ လေးဦးဒဏ်ရာရ

မြောက်ဦးမှာ လက်ပစ်ဗုံးကို ဆော့စကားလို့ ကလေးငယ်တစ်ဦးသေ လေးဦးဒဏ်ရာရ

73
0

ရခိုင်ဒေသ၊ မြောက်ဦးမြို့နယ်၊ဝေသာလီကျေးရွာအတွင်းမှာ လက်ပစ်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲ မှု ဖြစ်ပွါးခဲ့ပြီးတော့ ကလေးငယ် တစ်ဦးသေဆုံးခဲ့ရပြီးတော့ နောက်ထပ်ကလေးငယ် လေးဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသတွင်းပြည်သူတွေဆီက သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီးတော့ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်ကတော့ ဝေသာလီကျေးရွာကို အလယ်ရောက်ရှိနေတဲ့ တိန်ညိုကျေးရွာ က အသက် ၃ နှစ်အရွယ် မောင်မျိုးမြတ်ဖြိုးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသေဆုံးသူ ကလေးငယ် အပါအဝင် ဒေသခံ ကလေးငယ် ၄ ဦးဟာ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တစ်ခုက ရရှိလာတဲ့ လက်ပစ်ဗုံးတစ်လုံးကို ဆော့စကားရာကနေ ပေါက်ကွဲပြီးတော့ အခုလို ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဝေသာလီကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတွေက သေနတ်ပစ်တမ်းဆော့နေကြတာလို့ပြောတယ် အဲဒီမှာ သူတို့ဆော့နေတဲ့ အနားက အိမ်က လက်ပစ်ဗုံးတစ်လုံးရလာတာကို ပစ်ပေါက်လိုက်တာမှာ ပေါက်ကွဲတာ။ ဗုံးသီးကတော့ သေသွားတဲ့ ကလေးအနားကို ကျတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

ဒဏ်ရာ ရရှိသွားတဲ့ ကလေးငယ်တွေကိုတော့ ဆေးရုံမှာ ဆေးကုသမှုတွေ ပေးထားတာတွေ ရှိပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေတွေမှာတော့ မရှိတော့ဘူးလို့လည်းပြောပါတယ်။

ရခိုင်က အာရက္ခတပ်တော်ကထိန်းချုပ်ထားတဲ့ မြို့တွေမှာ တိုက်ပွဲအတွင်းက ကျန်ရှိနေခဲ့တဲ့ စစ်ကျန်ဗုံးသီးတွေ၊မြေမြုပ်မိုင်းတွေ ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေဟာ ကိုယ်လက်အင်္ဂဆုံးရှုံးတာ၊အသက်သေဆုံးတာတွေကို ဆက်တိုက်ရင်ဆိုင်နေကြရပါတယ်။

အဲဒီလို ရင်ဆိုင်နေရတဲ့ အတွက်ာ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေ အနေ နဲ့ ပြည်သူတွေကို အသိပညာပေးဟောပြောတာတွေ လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

သတင်း – ဟိန်းဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here