Home သတင်း မိုင်းအန္တရာယ် မင်းပြားမှာ စစ်ကျန်ဗုံးသီးကို လောင်းကြေးထပ်ထုခွဲရာကနေ ပေါက်ကွဲလို့ ဒေသခံ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

မင်းပြားမှာ စစ်ကျန်ဗုံးသီးကို လောင်းကြေးထပ်ထုခွဲရာကနေ ပေါက်ကွဲလို့ ဒေသခံ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

122
14
ပုံ - စစ်ကျန်ဗုံးသီးထုခွဲမှုကြောင့် သေဆုံးခဲ့ရသူအားမြင်တွေ့ရမှု ။ APM

Coastal News Agency

မင်းပြားမြို့နယ် အတွင်းမှာ ပိုက်ကွန်နဲ့ ငါးဖမ်းရာကနေ ရတလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ပေါက်ကွဲမှု ရှိမရှိ လောင်းကြေးထပ် ထုခွဲရာကနေ ဗုံးသီးပေါက်ကွဲပြီးတော့ ဒေသခံ ၂ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က မင်းပြားမြို့၊ ဦးစိုးတင့်ရပ် ကွက်အတွင်းမှာ ဖြစ်ပွါးခဲ့တာလည်းဖြစ်ပါတယ်။

သူငယ်ချင်း ၃ ဦးဖြစ်တဲ့ ကိုမောင်ကြီး၊ ကိုညီညီဇော် ၊ထွန်းထွန်းမြင့် တို့သူငယ် ၃ ဦးဟာ အောက်တို ဘာလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ မင်းပြားမြို့ ရာမောင်မြစ်အတွင်းမှာ ပိုက်ကွန်နဲ့ ငါးဖမ်းရာကနေ ဒီစစ်ကျန်ဗုံးသီးကို ရရှိလာတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီနောက် အဲဒီစစ်ကျန်ဗုံးသီးကို ယူလာပြီးတော့ ကိုမောင်ကြီးနေအိမ်အရော က်မှာ အချင်းချင်း ဒီဗုံးသီးပေါက်ကွဲမှု ရှိ/မရှိဆိုတဲ့ အပေါ် အငြင်းရာကနေ လောင်းကြေးထပ် ထုကြည့်တဲ့ အတွက် အခုလို ပေါက်ကွဲမှု ဖြစ်သွားခဲ့ရတာဖြစ်တယ်လို့ မင်းပြားဒေသခံ တစ်ဦးကပြောပါတယ်။

“ငါးခုတ်တဲ့ ဓား နဲ့ထုတာလို့ပြောပါတယ်။ရေထဲကျသွားပြီးတော့ ရေဝင်သွားတော့ မပေါက်တော့ဘူး ဘာညာ နဲ့ ငြင်းရာကနေ တဝိုင်းတိုက်ကြေးဆိုပြီးတော့ ထုကြတာလို့ပြောတယ် အဲဒီမှာ ထပေါက်ပြီးတော့ သေဆုံးဒဏ်ရာ ရသွားကြတာဖြစ်တယ်”လို့ သူကပြောပါတယ်။

သေဆုံးသွားခဲ့သူ ၂ ဦးကတော့ သံတွဲကနေ မင်းပြားမြို့ကို စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကိုမောင်ကြီး နဲ့ မင်းပြားဒေသခံ ကိုညီညီဇော် တို့ဖြစ်ကြပြီးတော့ ဒဏ်ရာ ရရှိသွားခဲ့တဲ့ သူတွေကတော့ ထွန်းထွန်းမြင့် နဲ့ သေဆုံးသူ ကိုမောင်ကြီး ရဲ့ မိခင် ဒေါ်သိန်းချေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာ ရရှိသွားတဲ့ သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ကျန်းမာရေးဌာနက ဆေးဝါးကုသပေးမှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်စဉ်မျိုးဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း ကျောက်တော်မြို့နယ်၊မင်းသားတောင်ကျေးရွာ အတွင်းမှာ ချောင်းထဲက ရလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ထုကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီးတော့ ကလေးငယ် ၁ ဦးပွဲချင်း ပြီး သေဆုံးခဲ့ရပြီးတော့ နောက်ထက် ၄ ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိခဲ့ပါတယ်။

အလာတူပဲ ရမ်းဗြဲမြို့နယ် အတွင်းမှာ အခုလို စစ်ကျန်ဗုံးသီးကောက်ရလို့ လွှင့် ပစ်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးပြီးတော့ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အာရက္ခတပ်တော်ကတော့ ပြည်သူတွေ အနေ နဲ့ စစ်ကျန်မိုင်းတွေကိုတွေ့ခဲ့ရင် နီးစပ်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ဒီစစ်ကျန်မိုင်း အန္တရာယ်ကို သတိထားကြဖို့ ဟောပြောတာတွေလုပ်ဆောင်ပေးနေပေမယ့် ပြည်သူတွေကတော့ လိုက်နာမှုမရှိဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်ကိုင်နေကြတဲ့အတွက် အခုလို ထိခိုက်သေဆုံးဒဏ်ရာရမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

14 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here