Home သတင်း မိုင်းအန္တရာယ် ဘူးသီးတောင်က လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ရွာလို့ လူသိများတဲ့ ထန်းရှောက်ခံရွာအနီးမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ မွတ်ဆလင် ၂ ဦးသေဆုံး

ဘူးသီးတောင်က လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ရွာလို့ လူသိများတဲ့ ထန်းရှောက်ခံရွာအနီးမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ မွတ်ဆလင် ၂ ဦးသေဆုံး

177
0
ပုံ - မပေါက်ကွဲဘဲ ရှိနေတဲ့ စစ်ကျန်လက်နက်တစ်ခုအားမြင်တွေ့ရမှု ။ပုံဟောင်း။

Coastal News Agency

မွတ်ဆလင်တွေကို အာရက္ခတပ်တော်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ လူသိများတဲ့ ဘူးသီးတောင်မြို့နယ် အတွင်းက ထန်းရှောက်ခံကျေးရွာအနီးမှာ ကျွဲလာကျောင်းတဲ့ မွတ်ဆလင်ကလေးငယ် ၂ ဦးဟာ တိုက်ပွဲအတွင်းက မပေါက်ကွဲဘဲကျန်နေခဲ့တဲ့ လက်နက်ကြီးကို ခြေထောင်နဲ့တိုက်မိရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးပြီးတော့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ နှစ်ဦးကတော့ ထန်းရှောက်ခံကျေးရွာ အနီးက နနွင်းတူးကျေးရွာဇာတိ အသက် ၁၅ နှစ်အရွယ် ဆိုက်ဘူလာ ဆိုသူ နဲ့ ကျောက်ဆိပ်ကျေးရွာဇာတိ အသက် ၁၄ နှစ်အရွယ် မာမောက်ဖိုက်ဆမ်း တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အဲဒီထန်းရှောက်ခံကျေးရွာ အနီးက လယ်ကွင်းပြင်မှာ ကျွဲကျောင်းနေခဲ့ကြတာဖြစ်ပြီးတော့ ထိုင်းနေရာကနေ ကျွဲကို မောင်းဖို့ထွက်အပြေး မြက်တွေကြားမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ RPG အမျိုးအစား လက်နက်ကြီးကို ခြေထောက် နဲ့ တိုက်မိရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးပြီးတော့ အခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မြက်တွေကြားမှာ မပေါက်ဘဲစိုက်နေတာ တစ်ယောက်က ကစဉ်းရိုးပေါ်မှာထိုင်နေတယ်လို့ ပြောတယ် တစ်ယောက်က ကျွဲးတွေကို မောင်းဖို့ ပြေးတာ သူတို့ ထိုင်နေတဲ့ နေရာနဲ့လည်းသိပ်မဝေးဘူးပြောတယ်။ကျွဲမောင်းဖို့အတွက် ထပြေးတော့ ခြေထောက် နဲ့ တိုက်မိပြီးတော့ပေါက်ကွဲတော့ ၂ ယောက်စလုံး ပွဲချင်းပြီးသေသွားတာ”လို့သူကပြောပါတယ်။

ရခိုင်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် မကြာ ခဏဆိုသလို စစ်ကျန်လက်နက်တွေပေါက်ကွဲလို့သေဆုံးဒဏ်ရာရတာ၊စစ်ကော်မရှင်တပ်တွေထောင်ထားခဲ့တဲ့ မိုင်းတွေကို နင်းမိလို့ သေဆုံးဒဏ်ရာ ရတာ မကြာခဏဆိုသလို ရှိနေတာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်က စစ်ကျန်လက်နက်တွေကိုတွေ့ရင် သက်ဆိုင်ရာတွေကို အကြောင်းကြားဖို့ ဆော့မကစားကြဖို့ တားမြစ်ထားပေမယ့် ဆော့စကားတာ ရိုက်ခွဲတာတွေကြောင့် သေဆုံးမှုတွေလည်း ရှိနေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လည်း မင်းပြားမြို့နယ်၊ရာမောင်မြစ်ထဲက ပိုက်ကွန်နဲ့ ငါးဖမ်းရာကနေ ရတလာတဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို ပေါက်ကွဲမှု ရှိမရှိ လောင်းကြေးထပ် ထုခွဲရာကနေ ဗုံးသီးပေါက်ကွဲပြီးတော့ ဒေသခံ ၂ ဦးသေဆုံးပြီးတော့ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here