Home သတင်း မိုင်းအန္တရာယ် အမ်းမှာ ကလေးငယ်တစ်ဦး စစ်ကျန်မိုင်း ပေါက်ကွဲလို့ သေဆုံး

အမ်းမှာ ကလေးငယ်တစ်ဦး စစ်ကျန်မိုင်း ပေါက်ကွဲလို့ သေဆုံး

43
0
ပုံ၊ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေမှာ မိုင်းအသိပညာပေးလုပ်ဆောင်နေမှုမြင်ကွင်း။

Coastal News Agency

အမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲကာလအတွင်းက မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ စစ်ကျန်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်ပါတယ်။

သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်ကတော့ အမ်းမြို့နယ် ၊အောက်ရွာ ကအသက် ၈ နှစ်အရွယ် မောင်မင်းမင်းထက် ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကျန်မိုင်း ပေါက်ကွဲပြီးတော့ သေဆုံးသွားခဲ့ရတဲ့ မောင်မင်းမင်းထက်ဟာ ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်က သူနေထိုင်ရာ ကျေးရွာ အနီးက ငှက်ပျောခင်းအတွင်း ငှက်ပျောသီးခူးဖို့ အသွားမှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ စစ်ကျန်မိုင်း နင်းမိရာကနေ ပေါက်ကွဲမှု ဖြစ်ပွါးပြီးတော့ အခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးနောက် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးတဲ့ မြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်ကျန်မိုင်းပေါက်ကွဲတာ ၊စစ်ကျန်ဗုံးသီးတွေကို စမ်းသပ်ထုကြည့်တာ စတာတွေကြောင့် ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ နဲ့ ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့ရပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်က မိုင်းရှင်းရေးတွေလုပ်ဆောင်၊မိုင်းအသိပညာပေးဟောပြောတာတွေ လုပ် ဆောင်ပေးနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here