Home သတင်း သဘာဝပတ်ဝန်းကျင် ဂွနဲ့ ငသိုင်းချောင်းဆက်သွယ်ထားတဲ့ ရိုးလမ်းတလျှောက် မြေပြိုမှုတွေ ရှိနေ

ဂွနဲ့ ငသိုင်းချောင်းဆက်သွယ်ထားတဲ့ ရိုးလမ်းတလျှောက် မြေပြိုမှုတွေ ရှိနေ

73
0
ရေစီးကြောင့် ပျက်စီးနေတဲ့ ရိုးလမ်းတစ်လျှောက်အားတွေ့ရစဉ်။CJ

ဒီရက်ပိုင်း ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရခိုင်ပြည်တောင်ပိုင်းက မြိုနယ်တစ်ခုဖြစ်တဲ့ ဂွ မြို့နယ် နဲ့ ဧရာဝ တီတိုင်း ငသိုင်းချောင်းကို သွားရာ ရိုး ကားလမ်းမတလျှောက်မှာ မြေပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

အဲဒီလို ကားလမ်းမတွေ မြေပြိုကျမှု ဖြစ်နေတာကြောင့် ကားကြီး ကားငယ် သွားလာလို့ မရတဲ့ အနေအထားမှာရှိနေပြီး ခရီး သွားပြည်သူတွေ အနေနဲ့ သတိထားသွားလာဖို့ လိုအပ်နေတယ်လို့ ဂွမြို့နယ်အတွင်းက ဒေသခံ တစ်ဦးကပြော ပါတယ်။


ရေစီးကြောင့် ပျက်စီးနေတဲ့ ရိုးလမ်းတစ်လျှောက်အားတွေ့ရစဉ်။CJ

“မိုးအဆမတန်ရွာတော့ ရိုးလမ်းတွေက ရေစီးကြောင့် ကမ်းပါးပဲ့ပြီး ပြိုကျတာတွေ ရှိနေတယ်။မပြိုသေးပဲ အက်ကွဲနေတဲ့ နေရာတွေ ရှိနေတယ်။ကားကြီးကားငယ် အကုန်လုံးက သွားလာလို့ မရတော့တဲ့ အနေအထားမှာ ရှိနေတယ်။ပြောရရင် အရမ်း အန္တရာယ်များတယ်။သွားလာရင်လည်း သတိထားသွားလာကြဖို့ပြောချင်တယ်။အခုအချိန်က မသွားတာ အကောင်းဆုံးပဲလို့ ”သူကဆိုပါတယ်။

ဂွမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ စစ်ရေးအတွက် အင်းအားတိုးချဲ့တာ စစ်စခန်းတွေ တည်ဆောက်တာ လူသွားလူလာများတဲ့ နေရာတွေ နဲ့ မြို့အနီးဝန်းကျင်တွေမှာ မိုင်းထောင်တာ စတဲ့ အရာတွေကို လုပ်ဆောင်နေတာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတို့ အကြား စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ဂွဒေသခံတွေဟာ ဧရာဝတီတိုင်းဘက်ကို စစ်ဘေးရှောင်ထွက်နေကြတာတွေ ရှိပါတယ်။


ရေစီးကြောင့် ပျက်စီးနေတဲ့ ရိုးလမ်းတစ်လျှောက်အားတွေ့ရစဉ်။CJ

အခုလို စစ်ဘေးရှောင်တွေ မြို့အတွင်းက နေရပ်စွန့်ခွါ ထွက်ပြေးနေချိန်မှာ ရိုးကားလမ်းမတွေ ပြိုကျတာဟာ စစ်ဘေးရှောင် ပြည်သူတွေ အတွက် သွားလာရေး ခက်ခဲမှု ကို ဖြစ်သွားသလို ဒေသနေ ပြည်သူတွေ အတွက် စားနပ်ရိက္ခသယ်ယူရေး ကိစ္စတွေ မှာ များစွာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ နောက်ထပ် ဂွဒေသခံတစ်ဦးကပြောပါတယ်။

“စစ်ဘေးရှောင်တွေကလည်း ထွက်နေကြတဲ့ အချိန်မှာ အခု လမ်းတော်တော်များများက ကမ်းဘားတွေ ပြိုကျပြီး သွားလာ လို့ မရဖြစ်သွားတော့ လူတွေ တော်တော် ခက်ခဲသွားတယ်။နောက်တစ်ခုက စားနပ်ရိက္ခသယ်ယူရေးအတွက်လည်း တော်တော် ခက်ခဲသွားမယ်။စားနပ်ရိက္ခာတွေ ပြတ်လပ်မှုတွေ ရှိလာနိုင်တယ်။လက်ရှိ ရခိုင်ပြည်တောင်ပိုင်းတစ် နဲ့ ပြည်မကို အဓိက သွားလာလို့ ရနေတာက ဒီလမ်းတစ်ခုဘဲ ရှိတယ်ဆိုတော့ တော်တော် ခက်ခဲသွားနိုင်တယ်လို့ ”ဆိုပါတယ်။

အဲဒါတွေ အပြင် တိုက်ပွဲကြားမှာ ပိတ်မိနေမှာ ကို စိုးရိမ်ပြီး အရေးစွန့်ကာ စစ်ဘေးရှောင်ထွက်မယ့် သူတွေလည်း ရှိလာနိုင်တဲ့ အတွက် ခရီးသွားပြည်သူတွေ အပေါ်အထူးစိုးရိမ်မိတယ်လို့ သူကပြောပါတယ်။


ရေစီးကြောင့် ပျက်စီးနေတဲ့ ရိုးလမ်းတစ်လျှောက်အားတွေ့ရစဉ်။CJ

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း သံတွဲ၊တောင်ကုတ်၊ဂွမြို့နယ်တွေမှာ မိုးအဆမတန်ရွာသွန်းခဲ့တာကြောင့် နေအိမ်တွေအများ အပြား ရေနစ်မြုပ်တာတွေကို ရင်ဆိုင်ခဲ့ကြရသလို ေးသခံ အများစုဟာ စစ်ဘေး ရေဘေးဒဏ်တွေ ကြားမှာ စားဝတ်နေရေး များစွာ နဲ့ ရင်ဆိုင်နေကြရပါတယ်။

ဂွမြို့နယ် နဲ့ တစ်ဆက်တည်းမှာ ရှိတဲ့ သံတွဲမြို့နယ် အတွင်းမှာ လည်း အာရက္ခတပ်တော် အေအေဟာ စစ်ကောင်စီလက် ကျန် တပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေ နဲ့နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာတွေ ရှိနေသလို ရေးဘေးစစ်ဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေဟာလည်း စားဝတ် နေရေးအတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။


ရေစီးကြောင့် ပျက်စီးနေတဲ့ ရိုးလမ်းတစ်လျှောက်အားတွေ့ရစဉ်။CJ

LEAVE A REPLY

Please enter your comment!
Please enter your name here