CNA ၊ မြတ်သူ။
မာန်အောင်မြို့နယ်၊ နဂါးကျေးရွာ(နဂါးဒိုးတန်း) အနီးမှာ ရှိတဲ့ ရွှံ့မီးတောင်(နဂါးတောင်)ပေါက်ကွဲမှုကြောင့် ဒေသခံပိုင်လယ်ယာမြေတွေဟာ ချော်ရည်တွေ ဖုံးလွမ်းကာ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ရွှံ့မီးတောင်(နဂါးတောင်)ဟာ မာန်အောင်မြို့ ရဲ့ အနောက် တောင်ဘက် ၁၃ မိုင်ခန့်အကွာမှာ ရှိတဲ့ နဂါးကျေးရွာ (နဂါးဒိုးတန်း) မှာရှိတဲ့ ရွှံ့မီးတောင်(နဂါးတောင်) ကနေ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီ ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၉ ဧကလောက်ဟာ ချော်ရည်တွေ နဲ့အတူဖုံးလွမ်းကာ ပျက်စီးသွားခဲ့ရတယ်လို့ နဂါးကျေးရွာ ဒေသခံ တစ်ဦးက CNA ကို ပြောပါတယ်။
“လယ်တွေကတော့ ၉ ဧကလောက်ပါသွားတယ်။အခုလည်း ချော်ရည်တွေက စီးကျနေတုန်းဖြစ်တယ်။အရင်ကလည်း မိုးဦးတစ်ခါ မိုးနှောင်းတစ်ခါ ဒီလို ပေါက်ကွဲတာ(နဂါးပွက်သည်)တော့ ရှိတယ်။ဒါပေမယ့် ဒီနေရာက မဟုတ်ဘူး။အခုက နေရာ အသစ်ကပေါက်ကွဲတာ(နဂါးပွက်သည်)။ အရင်ပေါက်ကွဲတာ(နဂါးပွက်သည်)ကလည်း အခုလောက်မပြင်းဘူး အခုက တော်တော် ပြင်းတယ်”လို့ သူကပြောပါတယ်။
လက်ရှိပေါက်ကွဲခဲ့တဲ့ မီးတောင် (နဂါးတောင်) နေရာမှာ မီးတောင် ရှင်(၄)လုံး နဲ့ မီးတောင်သေ(၃)လုံးရှိတာဖြစ်ပြီးတော့ ရွာဝင်လမ်း အနီးမှာ ရှိတဲ့ ယခင် မီးတောင်သေ ၃ လုံးထဲက တစ်လုံးက နေ မီးတောင်ရှင်ဖြစ်ကာ အခုလို ပေါက်ကွဲအားပြင်းပြင်း နဲ့ ပြန်လည် ထွက်ပေါ်ပေါက်ကွဲလာတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အမြဲတမ်းပေါက်ကွဲလေ့ ရှိတဲ့ အမြင့်ပေ ၂၀၀ ခန့် အကျယ်ပေ ၇၀၀ ရာခန့်ရှိတဲ့ နဂါး ဘိုတောင်၊ နဂါးမတောင်၊ နဂါးလယ် တောင် ဆိုတဲ့ တောင်တွေကတော့ ဒီနှစ်အတွင်းမှာ ပေါက်ကွဲတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
မာန်အောင်မြို့နယ်တစ်ခုလုံးမှာ အခုလို ရွှံ့မီးတောင် (နဂါးတောင်) ရှိတဲ့ နေရာတွေကတော့ မာန်အောင်မြို့ ရဲ့ မိုင် ၂၀ ခန့်အကွာမှာလည်း ဇီးတောနဂါးတောင် ဆိုပြီးတော့ ရှိတာ ဖြစ်သလို သစ်ပုံ ကျေးရွာ အနီးဝန်းကျင်မှာလည်း သစ်ပုံရွှံ့မီးတောင်၊ ဆန်ပေါနဂါးရွှံ့မီးတောင်၊ ခွေးနဂါးရွှံ့မီး တောင်၊ သူပုန်နဂါးရွှံ့မီးတောင်အစရှိသော ရွှံ့မီးတောင်များစွာလည်း ရှိနေသေးတာလည်း ဖြစ်ပါတယ်။





Thanks for sharing. I read many of your blog posts, cool, your blog is very good.
Сегодня онлайн образование школьников становится всё более актуальным.
Площадка; https://bgtop.net/go/1767618726
**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.