Home ဆောင်းပါး ရခိုင်မှာ မိုခါနဲ့ စစ်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ကြောင့် ရေတွင်းရေကန်ပျက်စီး တဲ့ပြဿနာ နဲ့ ကျန်းမာရေးပြနာ တွေ ဘယ်လိုရင်ဆိုင်နေရသလဲ

ရခိုင်မှာ မိုခါနဲ့ စစ်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ကြောင့် ရေတွင်းရေကန်ပျက်စီး တဲ့ပြဿနာ နဲ့ ကျန်းမာရေးပြနာ တွေ ဘယ်လိုရင်ဆိုင်နေရသလဲ

53
0

မိုခါ မုန်တိုင်း အပြီး ရခိုင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်လာပြီးနောက်ပိုင်မှာ တိုက်ပွဲ အခြေအတွေကြောင့် နေရ ပ်စွန့်ခွါ ထွက်ပြေးလာကြရတဲ့ စစ်ဘေးရှောင်တွေဟာ မသန့်ရှင်းတဲ့ ရေတွေကို ပိုမို သုံးစွဲလာရတာကြောင့် နောက်ဆ က်တွဲကျန်းမာရေးပြဿနာတွေ ကြုံလာရပြီးနောက် အသက်သေဆုံးမှု တွေ ရှိလာတဲ့ အထိပင် ရခိုင်ပြည်သူတွေဟာ တွေ့ ကြုံခံစားလာခဲ့ ကြရပါတယ်။

ရခိုင်မှာ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အဆိုးရွားဆုံးသော မိုခါမုန်းတိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်ပေါင်း ၁၂ ခုက နေအိမ် အပါအဝင် ရာနဲ့ချီတဲ့ သောက်သုံးရေကန်တွေများစွာဟာ ဆားငံရေဝင်တာတွေ၊သောင်သုံး ရေကန်တွေကိုရေနစ်မြုပ်တာတွေ ကြောင့် ပျက်စီးခဲ့ရပါတယ်။

အဲဒီလို နေအိမ်တွေ နဲ့ သောက်သုံးရေကန်တွေကို သန့်စင်ရှင်းလင်းရေး မပြုလုပ်ခင်မှာဘဲ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ ရဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လည်စ တင်ဖြစ်ပွါးခဲ့ပြီး သိန်းနဲ့ ချီတဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွါကာ စစ်ဘေးရှောင် စခန်းတွေကို ထွက်ပြေးလာခဲ့ ရပြန်ပါတယ်။

အဲဒီတကျော့ပြန်တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ ရဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပါွးမှု ဟာ ပြင်းထန်သထက်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက ရေကြောင်း၊လေကြောင်း အပြင် လက်နက်ကြီးတွေနဲက ပါ ပစ်ခ တ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၊ဘုရား အပါအဝင် သောက်သုံးရေကန်တွေဟာလည်း ထပ်မံပျက်စီးခဲ့ကြ ရပြန်ပါတယ်။

အဲဒီလို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ်အတွင်းက အဆောက်အဦး အပိုင်းအစတွေ၊သစ်ကိုင်း သစ်ပင် တွေဟာ ရေကန်အတွင်းကို ကျရောက်တာတွေ ရှိပြီး သောက်သုံးရေကန်ထဲက ရေတွေဟာ အညစ်အကြေး များစွာ နဲ့ မသန့် ရှင်းမှုတွေ ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါတွေအပြင် မိုးခါမုန်းတိုင်းကတည်းကပင် သောက်ရေကန် အများစုကို သန့် ရှင်းမှု မပြုလုပ်နိုင်တဲ့ အတွက် ရေ ကြည်ရေ မဟုတ်တဲ့ နောက်ကျိနေတဲ့ ရွှံ့ရေတွေကိုသာ လက်ရှိမှာ သောက်သုံးရေတွေ အဖြစ် အသုံးပြုနေကြရတယ်လို့ စစ်ပွဲ အပြင်းအ ထန် ဖြစ်ပွါးခဲ့တဲ့ ပေါက်တောမြို့နယ် အတွင်းက စစ်ဘေးရှောင် တစ်ဦးက လက်ရှိရေသုံးစွဲနေရမှု အခြေအနေကို ပြောပြပါတယ်။

“အခုလည်း နောက်ကျိပြီးတော့ ရွှံ့ရောင်ထနေတဲ့ ရေတွေကိုဘဲ သုံးနေကြရတာပါဘဲ။နွေရာသီတုန်းက ရေခမ်းတယ် အဲဒီအချိန်မှာ မိုးကရွာချလိုက်တယ်။အဲဒီရေတွေကိုဘဲ လက်ရှိမှာ သုံးနေကြရတယ်လို့”သူကပြောပြသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီပိုင်း နဲ့ အခုလက်ရှိမိုးရာသီပိုင်းတွေမှာ စစ်ဘေးရှောင်တွေဟာ အဲဒီလို မသန့်ရှင်းတဲ့ ရေတွေကို သုံးစွဲ ခဲ့ရတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အနေ နဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါဝေဒနာကို ခံစားခဲ့ရပြီး ဆေးဝါးကုသမှု အပြည့်အဝမပေးနိုင်တဲ့ အတွက် အသက်သေဆုံးခဲ့ရတဲ့ အထိပင် ကြုံတွေ ခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ နောက်ထပ် ပေါက်တော မြို့နယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင် စစ်ရှောင် အမျိုးသမီး တစ်ဦးကပြောပါတယ်။

“ဆေးမမှီးလိုက်လို့ သေဆုံးသွားတဲ့ သူတွေ ရှိတယ်။ရေမသန့်ရှင်းတာတွေကို သောက်သုံးခဲ့ရတဲ့ အတွက် ဆေးဝါးမကု သလိုက်ရတဲ့အတွက် သေဆုံးသူတွေ ရှိတယ်လို့” သူမပြောပြတာ ဖြစ်ပါတယ်။

ဒါတွေအပြင် စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ ရဲ့ နှစ်ဖက်တိုက်ပွဲကြားမှာ ပစ်ခတ်ခဲ့တဲ့ လက်နက် ကြီး ကျည်တွေဟာ သောက်ရေတွင်း ရေကန်တွေထဲကို ကျရောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်တွေ၊ တိုက်ပွဲနဲ့ ဆ က်စပ်တဲ့ အညစ်အ‌ကြေးတွေကြောင့် အသုံးမပြုနိုင်ဘဲ ချန်ထားရတဲ့ ရေကန်ဟာလည်း ရခိုင်မြောက်ပိုင်းမှာ အများ အပြား ရှိနေတယ်လို့ ရခိုင်အရပ်ဖက် အဖွဲ့တွေရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။

ရခိုင်အရပ်ဖက် အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူအမျိုးသမီးတစ်ဦးပြောပြတာက “လက်နက်ကြီးတွေ၊ ဒရုန်းက ပစ်ချတာ တွေ ကန်ထဲရှိနေရင် ကြောက်ပြီး မသုံးရဲကြတော့ဘူးလေ”လို့ သူကပြောပြသွားတာ ဖြစ်ပါတယ်။

တစ်နှစ်ထက် တစ်နှစ် အပူချိန်ပြင်းကာဖောက်ပြန်ပြောင်းလဲလာနေတဲ့ ရာသီဥ တုကြောင့် မိုးမမှန်တာ၊ ရေကို စနစ်တ ကျ သိုလှောင်မထားနိုင်တာတွေကြောင့် ရခိုင်မှာ ရေရှားပါးမှုဒဏ်ကို ရခိုင်ပြည်သူတွေဟာ နှစ်စဉ်ကြုံတွေ ခံစားလာနေရတဲ့ ရခိုင်ပြည်သူတွေဟာ မိုခါ နဲ့ စစ်ပွဲဒဏ် တစ်ဆက်တည်း ကြုံတွေ့လာရချိန်မှာ မြွေပူရာ ကင်းမှောင့်ဆိုသလို တဆက် တည်းခံစားလာခဲ့ရပါတယ်။

ရခိုင်ပြည်သူတွေဟာ နှစ်စဉ်နှစ်တိုင် တပေါင်း၊တန်းကူးရောက်လာပြီဆိုရင် ရွံ့နစ်ရောင်ထနေပြီး ဟိုနား တအင်း၊ ဒီနားတအိုင်သာ ရေကျန်တော့တဲ့ ကန်ကြီးတခုရဲ့ဝန်းကျင်မှာ ရေအိုးခွက် ကိုယ်စီနဲ့ သက်ကြီး၊ သက်ငယ်၊ အမျိုးသမီး၊ အမျိုးသား အရွယ်စုံ လူတစ်အုပ် တန်းစီကာ ရေရရှိဖို့ အရေးကို စောင့်ဆိုင်းကာ ရေခပ်ကြရပါတယ်။

အဲဒီလို အလှည့်ကျရေခပ်ခွင့်ရဖို့ စောင့်နေကြသူတွေပါ။ ရေအိုးခွက်နစ်အောင်ပင် ရေအနက်မရှိတော့တဲ့ အဲဒီကန်ထဲက ရေကို ဟင်းထည့်ပန်းကန်အရွယ် ခွက်ငယ်လေးနဲ့တစ်ဆင့် စစ်ခပ်၊ ပြီးမှ အသီး သီး သယ်လာကြတဲ့ သွပ်ရေအိုးခွက်ထဲ လောင်းထည့် ခပ်ယူကြရပါတယ်။

နွေလယ်ကာလ သောက်သုံးရေကန်တွေ ခမ်းခြောက်၊ ရေရှားပါးလာပြီဖြစ်လို့ အကန့်အသတ်နဲ့သာ ခပ်ယူ၊ သုံးစွဲကြဖို့ ကျေးရွာလူကြီးတွေက ကန့်သတ်ခွဲဝေပေးနေတာဖြစ်ပါတယ်။

ဒီမြင်ကွင်းဟာ မြန်မာနိုင်ငံရဲ့ မိုးများဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင်ရခိုင်ပြည်မြောက်ပိုင်း မှာ ရှိတဲ့ မြို့နယ်တွေ ထဲက ကျေးရွာ အနများစုမှာ မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ အဲဒီလိုမြင်ကွင်းမျိုးကို မိုးရေချိန် စံချိန်တင်များပြီး သောက်သုံးရေပေါများခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခုနောက် ပိုင်းနှစ်တွေမှာ နွေရာသီ ရောက်တိုင်း နှစ်စဉ်မြင် တွေ့လာနေရတာပါ။

ကုန်ခဲ့တဲ့ နွေရာသီတုန်းကဆိုရင်လည်း စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိနေပြီး မိုခါကြောင့် ရေကန်တွေ ပျက်စီးမှုရှိခဲ့တဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်စတဲ့မြို့နယ်တွေမှ ဒေသအများစုမှာ ရေရှားပါးမှုနဲ့ ကြုံခဲ့ကြရပါတယ်။

အဲဒီလို ရေရှားပါးချိန်မှာ ကုလားတန်မြစ်လို ရေချိုမြစ်ချောင်းတွေနဲ့ နီးတဲ့ ကျောက်တော်မြို့နယ်အတွင်းက တစ်ချို့ေ ကျးရွာ၊ စစ်ဘေးရှောင်စခန်းတွေမှာ ချောင်းရေကို စက်နဲ့တင်ပြီး အသုံးပြုလို့ရပေမယ့် အဲလိုချောင်းနဲ့ မနီးတဲ့စခန်း တွေကတော့ သောက်သုံးရေ ရဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံကြရပါတယ်။

အဲဒီလို ရေချိုမြစ်က ရေကို သုံးစွဲကြတဲ့ စစ်ရှောင် အများစုဟာလည်း ဝမ်းရောဂါဖြစ်တာ အရေပြားရောဂါတွေ ဖြစ်တာ စတဲ့ ရောဂါဝေဒနာတွေကိုလည်း အများစု နှစ်စဉ်ခံစားကြုံတွေ့ နေကြရတယ်လို့ ကျောက်တော်မြို့နယ် အတွင်းက ဒေသခံပြည် သူတစ်ဦးကဆိုပါတယ်။

“နွေရောက်ရင် ချောင်းရေကိုပဲ သုံးရတယ်၊ အဲဒီရေတွေချိုးရင် ယားနာတွေဖြစ်တယ်။ဆေးခန်းတွေကလည်း မရှိတဲ့ ဆေးဝါးကုသဖို့ တော်တော် ခက်တယ်လို့ ” စစ်ရှောင်တစ်ဦးက ပြောပါတယ်။

အဲဒီလို လက်နက်ကြီးတွေကျရောက်တာ၊မသန့်ရှင်းတွေ ရေတွေကို အသုံးပြုရတာတွေကြောင့် စစ်ဘေးရှောင်တွေ အနေ နဲ့ သောက်သုံးရေတွေကို အသုံးပြုတဲ့ အခါမှာ စနစ်တကျ အသုံးပြုဖို့ လိုအပ်သလို အညစ်အကြေးတွေ နဲ့ မစင်တွေကို စွန့်ပစ်တဲ့ နေရာတွေမှာလည်း စနစ်တကျ စွန့် ပစ်ဖို့ လိုအပ်သလို လက်ရှိ မိုးရာသီဟာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ပိုမိုသတိထား ဖို့ လိုအပ်တယ်လို့ ထက်တန်းသူနာပြုဟောင်းတစ်ဦးက မသန့် ရှင်းတဲ့ ရေတွေကို သုံးစွဲနေရတဲ့ စစ်ဘေးရှောင်တွေကို အကြံပြု ပြောပါတယ်။

” မသန့်ရှင်းတဲ့ ရေတွေကို သုံးစွဲရင် အရေ ပြားရောဂါ(ယားနာ)၊ ဝမ်းပျက် ဝမ်းလျှော၊ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းရောဂါ) ၊ သွေးဝမ်းသွားတာနဲ့ အူရောင် ငန်းဖျား၊ ပိုလီယိုအကြောသေရောဂါတို့ ဖြစ်တတ်ပြီး ကလေးငယ်တွေဆိုရင် အသက်ပါဆုံးရှူံးနိုင်တယ် ဝမ်းရောဂါက ကူးစက်မြန်တယ်၊ သေ ဆုံးတာတွေလည်း များတယ် ၊ဝမ်းသုံးလေးငါးခါဆိုရင် ကလေးတွေမှာ ပင်ပန်းသွားပြီ၊ ဆေးခန်းသွားဖို့ အချိန်မရ၊ ဆေးကုသမှုတွေလည်း ခံယူဖို့ မရဘူးဆိုရင် သေတတ်တယ်၊ မစင်တွေ စနစ်တကျ စွန့်ဖို့လိုတယ်၊ ဆက်မကူးအောင် နေထိုင်ဖို့လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားကတည်းကပင် အစိုးရဆေးရုံတွေကို ဆေးဝါး မပေးတာ ဆေးဆိုင်တွေကို ဆေးတင်သွင်းခွင့် မပြုတာတွေကို ပိတ်ပင်ထားသလို စာနပ်ရိက္ခာသယ်ယူခွင့်တွေကိုပါ ပိတ်ပင်ထားပြီး ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကိုပါ မသိရှိရလေအောင် အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထာခဲ့ဲကပါ တယ်။

ရခိုင်မှာ တိုက်ပွဲ နဲ့ မိုခါမုန်တိုင်းရဲ့ မွှေနှောက်မှုတွေကြောင့် သောက်ရေကန်များစွာ ပျက်စီးခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ သက်ဆိုင်ရာ အစိုးရတွေ အနေ နဲ့ ရေကို စနစ်တကျ ခွဲဝေမှု မလုပ်နိုင်ဘူ ဆိုရင် ဒီနှစ်နွေရာ သီမှာလည်း စစ်ရှောင်တွေ အနေ နဲ့ ရေရှားပါးတဲ့ ဒဏ်ကို ပြည်သူတွေထပ်မံ ခံစားရမှာ ဖြစ်တယ်လို့ ရခိုင်ဒေသတွင်းက လူမှုကူ ညီရေးအ ရပ်ဖက်အဖွဲ့အစည်း တွေက သုံးသပ်ပြောဆိုပါတယ်။

“အဓိက ရေရှားပါးတာက အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ထိန်းသိမ်းမှု နဲ့ ဆိုင်တာပေါ့။ကျနော်တို့ ရခိုင်မှာက မိုးရာသီဆိုပြီး တော့ ရေကန်တွေကို ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း နဲ့ မထားဘဲဒီအတိုင်းထားကြတယ်။အဲဒီနဲ့ နွေရာသီရောက်ခါ နီး ဆောင်းရာသီရောက်ချိန်မှာ ရေကို ထိန်းသိမ်းတော့ အဲဒီအခါမှ ရေကို ထိန်းသိမ်းလို့ ဘယ်လိုမှ မမှီတော့ဘူးလေ။ဒီနှစ်မှာ လည်း အဲဒီလို လုပ်ရင်တော့ ရေထပ်ပြီးတော့ ရှားဦးမှာဘဲလို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အရပ်ဖက် အဖွဲ့အစည်း တာဝန် ရှိသူ တစ်ဦးကပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အေအေ ဟာ ရခိုင်မြောက်ပိုင်း အများစုကို အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပြီး လက်ရှိမှာ ရခိုင်မြောက်ပိုင်းမှာ လာမယ့်နွေရာသီမှာ ရေရှားပါးမှုဒဏ်တွေကို ပြည်သူတွေ ထပ်မံမခံစားရအောင် ရေထိန်းသိမ်းရေးစနစ် တွေကို ထိမ်းသိမ်းပေးဖို့ အတွက်ကို ဒေသခံပြည်သူတွေက လိုလားနေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here