Home လူမှုစီးပွါးရေး ငါးနဲ့ ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာအချက်တွေ ချိုးဖောက်သူကိုအရေးယူမယ်လို့ဆို

ငါးနဲ့ ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာအချက်တွေ ချိုးဖောက်သူကိုအရေးယူမယ်လို့ဆို

42
0

Coastal News Agency

ငါး နဲ့ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အချက် တွေ ချိုးဖောက်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ငါးလုပ်ငန်း နဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေး ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီလို ငါး နဲ့ ရေသယံဇာတထိန်းသိမ်းရေး ဆိုင်ရာ ထုတ်ပြန်ချက်တွေကတော့ ရှားပါးရေနေ သတ္တဝါတွေဖြစ်တဲ့ ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှုး၊ လင်းပိုင်၊ ဝေလငါး တွေကို ဖမ်းဆီးသတ်ဖြတ်တာ ရောင်းချတာမလုပ်ရဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အဆိပ်ချ ငါးဖမ်းဆီးတာ၊ ရှော့တိုက် ငါးဖမ်းဆီးတာ နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီးတော့လည်း ဖမ်းဆီးတာမျိုးကို မလုပ်ရဘူးလို့ ဆိုထားပါတယ်။

အထက်ကဖော်ပြထားတဲ့ တားမြစ်ကရိယာငါးဖမ်းနည်း တွေကို အသုံးပြုပြီးတော့ ငါးဖမ်းတာတွေ မလုပ်ရဘူးလို့ ဆိုထားပါတယ်။

နောက်ထပ်အနေ နဲ့ ရေနေသတ္တဝါတွေမျိုးပွါးရှင်သန် ကျက်စားရာနေရာတွေဖြစ်တဲ့ ပြာတော/ပြားတော နဲ့ဂေဟစနစ်ကို ပျက်စီးစီနိုင်တဲ့ ခုတ်ထွင် ရှင်းလင်းတာတွေကိုလည်း မလုပ်ဖို့ တားမြစ်ထားပါသေးတယ်။

ဒီတားမြစ်ထားတဲ့ အချက်တွေကို ကျူးလွန်လို့ တွေ့ရှိခဲ့ရင်လည်းငါးလုပ်ငန်းဥပဒေပါအတိုင်း ထိထိရောက် ရောက် အရီးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ရခိုင်မှာ ယခင်မြန်မာအစိုးရ အဆက်ဆက်ကပင် အခုလိုရှားပါးရေနေသတ္တဝါတွကို ဖမ်းဆီးသတ်ဖြတ်ရောင်းချတာတွေ မလုပ်ဆောင်ရဘူးလို့ တားမြစ်ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်စွာအရေးယူဆောင် ရွက်တာတွေ မလုပ်ဆောင်ခဲ့တာကြောင့် တားမြစ်ရေနေတ္တဝါတွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချတာတွေ များစွာလုပ်ဆောင်ခဲ့ကြတာ ရှိခဲ့ပါတယ်။

ဒါ့ပပြင် ရေနေသတ္တဝါတွေမျိုးပွါးရှင်သန် ကျက်စားရာနေရာတွေဖြစ်တဲ့ ပြာတော/ပြားတော များကိုလည်း ခုတ်လှဲကာ ထင်းအဖြစ်ရောင်းချတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here