Home သတင်း ရခိုင်မှာ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချတာမလုပ်ဖို့ ADFEM ထုတ်ပြန် သတိပေး

ရခိုင်မှာ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချတာမလုပ်ဖို့ ADFEM ထုတ်ပြန် သတိပေး

11
0

Coastal News Agency

ရခိုင်က အာရက္ခပြည်သူ့တော်လှန်အရေး အစိုးရအုပ်ချုပ်ရေး နယ်မြေအ တွင်း မှာ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချတာမလုပ်ဖို့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ADFEM သတိပေးထုတ်ပြန် လာပါတယ်။

ဒီထုတ်ပြန်ချက်ကို သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေး ဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက် နေ့စွဲ နဲ့ သတိပေးထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အထဲမှာ ရခိုင်ပြည် အတွင်းမှာရှိနေတဲ့ မြို့နယ်တွေ ထဲကပြည်သူ တချို့ဟာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌန ရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေ နဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီးတော့ အမဲလိုက်တာ၊ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချတာတွေပြုလုပ်နေတာကို သိရှိထားကြောင်း ဖော်ပြထားပါတယ်။

အဲဒီလိုဖမ်းဆီးမှုတွေကြောင့် တောရိုင်းတိရိစ္ဆာန်တွေ မျိုးပြုန်းတီးမှုတွေ ဖြစ် လာမှာဖြစ်တဲ့ အတွက် မျိုးပြုန်းတီးမှုတွေ မဖြစ်ရစေအောင် ပြည်သူတွေ အ နေ နဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေ နဲ့ အစိုးရစီမံခန့် ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရိစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ နဲ့ ရောင်းချတာတွေကို လုံးဝမလုပ်ဖို့ကို အခုလိုတမြစ်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလို ထုတ်ပြန်တားမြစ်ချက်ကို လိုက်နာမှု မရှိဘဲ ကျူးလွန်ဖောက်ဖျက် သူတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရီးယူဆောင်တာတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here