CNA ၊ မြတ်သူ။
ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာ စွန့်ပစ်ထားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို အာရက္ခပြည်သူ့ေတာ်လှန်ရေးအစိုးရရဲ့ ကမ်းခြေစောင့်တပ်တွေက ကယ်တင်ခဲ့ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေဆီကို ပြန်လည် လွဲပြောင်းပေးခဲ့တယ်လို့ အောက်တိုဘာလ (၁၄) ရက်နေ့မှာ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
ပင်လယ်ဓားပြ တိုက်ခံခဲ့ရသူ ၁၆ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ တိုင်ကာနာမြို၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ (၁) ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို၊ ဖီးချားရီကကျေးရွာ မှ (၁) ဦး တို့ ဖြစ်ကြပါတယ်။
အဲဒီလို ပင်လယ်ဓားပြ တိုက်ခိုက်တာကို ခံခဲ့ရတဲ့ မော်တော်ဘုတ်ထဲမှာ စုစုပေါင်းရေလုပ်သား (၁၆) ဦး ပါဝင်ပြီး စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီခန့်အချိန်မှာ ဘင်္ဂလားပင်လယ်အော်အတွင်းကို “ဟာမာအူလာစ် ဦးဆောင်မှု နဲ့ ငါးဖမ်းထွက်လာတဲ့ ဘုတ်တ စ်စီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် တစ်ပတ်ခန့်အကြာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၆) နာရီခန့် အချိန်မှာ အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀) ဦးခန့်ပါဝင်တဲ့ ပင်လယ်ဓားပြအဖွဲတစ်ဖွဲ့ဟာ မော်တော်ဘုတ် ၃ စီး နဲ့ လာရောက်ကာ ဟာမာအူလာစ်တို ရဲ့ဘုတ်ကို ဝိုင်းရံပိတ်ဆို့ပြီး ဓားပြတိုက်တာတွေကို ခံခဲ့ရသလို ဘုတ်အတွင်းမှာ ပါလာတဲ့ ရေလုပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးပြီးနောက် သေနတ်ဒင်၊ ဒုတ်တွေ နဲ့ ရိုက်နှက်ကာ ဘုတ်အတွင်းမှာ ပိတ်လှောင်တာတွေကိုပါ လုပ်ဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေအပြင် ဟာမာအူလာစ်တို ဘုတ်အထဲမှာပါလာတဲ့ ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်တွေ ကိုပါ ဓားပြအဖွဲ့က သိမ်းဆည်းတာခံခဲ့ရသလို ရေလုပ်သား ၁၆ ဦးဟာလည်း မော်တော်ဘုတ်ရဲ့ ဝမ်းဗိုက်ထဲမှာ အစားအစာ နဲ့ ရေတောင် မသောက်ရပဲ ၂ ပတ်အကြာထိပိတ်လှောင်ခံထားခဲ့ရတယ်လို့ အာရက္ခတပ်တော် ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။
အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၆) နာရီခွဲလောက်မှာတော့ ဟာမာအူလာစ် နဲ့ ရေလုပ်သားငါးဖမ်းသမား (၁၆) ပါလာတဲ့ မော်တော် ဘုတ်ဟာ မောင်တောမြို၊ ကျောက်ပန္ဒူကမ်းခြေအနီး ကိုရောက်ရှိလာပြီး မော်တော်ဘုတ်ထဲမှာ ပါလာတဲ့ သူအားလုံးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကမ်းဖြေစောင့်တပ်ဖွဲ့က ကယ်တင်ခဲ့ပြီး ဒဏ်ရာ ရရှိလာသူတွေကိုလည်း ဆေးကုသပေးမှုတွေ လုပ်ဆောင် ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ အဲဒီ ဘင်္ဂလားဒေ့နိုင်ငံ ရေလုပ်သား ၁၆ ဦးကိုတော့ အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်းကနေတဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ရဲတပ်ဖွဲ့တွေ ဆီကို ကောင်းမွန်စွာ ပြန်လည် အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း အာရက္ခရေပိုင်နက်အတွင်းကို ဝင်ရောက်ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကမ်းခြေစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ကာ ရေပိုင်နက်အတွင်းနောက်ထက်ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းတာ မလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းပြီး အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh-BGB) ရဲ့တာဝန်ရှိသူတွေ ထံကို ကောင်းမွန်စွာ လွဲပြောင်း အပ်နှံခဲ့တာလည်း ရှိခဲ့ပါတယ်။