CNA ၊ မြတ်သူ။
ရခိုင်ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းတဲ့အတွင် အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၅၀ ကျော်ကို မနေ့က ဧပြီလ ၁၆ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို နောက်တစ်ကြိမ်ထပ်မံဝင်ရောက်ပြီးတော့ ရခိုင်ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်တာ မလုပ်ဖို့ သတိပေး ခံဝန်ထိုးပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဆီကို လွဲပြောင်းပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ရေပိုင်နက် အတွင်းမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ရေလုပ်သားတွေဟာ မကြာမကြာ ရေပိုင်နက်ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းတာတွေကို လုပ်ဆောင်တဲ့ အတွက် အာရက္ခတပ်တော်ကလည်း အဲဒီရေပိုင်နက် ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းတဲ့ သူတွေကို ဖမ်းဆီကာ သတိပေးတာ ခံဝန်ထိုးခိုင်းတာစတာတွေကို လုပ်ဆောင်ပြီးတော့ ပြန်လွတ်ပေးတာတွေကိုလည်း အာရက္ခတပ်တော်က လုပ်ဆောင်ပေး နေတာလည်း ရှိနေပါတယ်။