ဘင်္ဂလားဒေ့်ရှ်နိုင်ငံသားငါးဖမ်းသမား ၁၂ ဦးကို အာရက္ခတပ်တော်က ဖမ်းဆီးသွားတယ်လို့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသတင်းဌာနတွေ မှာ ရေးသားဖော်ပြထားပါတယ်။
အာရက္ခတပ်တော်က ဖမ်းဆီးသွားတဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသားငါးဖမ်းသမား ၁၂ ဦးကတော့ အသက် ၃၉ နှစ်အရွယ် မော်အလီ အဟ်မဒ်၊အသက် ၃၄ နှစ်အရွယ် မော်ဟာမဒ်အမိန် ၊အသက် ၅၂ နှစ်အရွယ် ဖဇလ်ကိုရီမ် ၊အသက် ၄၀ အရွယ် ကေဖယတ်ဥလ်လာဟ်၊အသက် ၂၃ နှစ်အရွယ် ဆိုင်ဖူလ်အီစလာမ် ၊အသက် ၄၀ အရွယ် ဆဒ်ဒမ်ဟုဆိန်၊အသက် ၂၃ နှစ်အရွယ် မော်ရာဆယ်၊အသက် ၂၂ နှစ်အရွယ် မော်ဆွိုင်အိပ်၊အသက် ၃၅ နှစ်အရွယ် အရိပ်ဥလ်လာဟ်၊အသက် ၃၅ နှစ်အရွယ် မော်ဟာမဒ် မိုစတက် နဲ့ အသက် ၄၅ နှစ်အရွယ် နုရူလ်အမိန် တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒီရေလုပ်သား ၁၂ ဦးကို အာရက္ခတပ်တော်က ဘင်္ဂလားပင်လယ်အော်ထဲက ငါးဖမ်းပြီးပြန်အလာ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်၊ နတ်မြစ်ဝမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ တက်ကနက်မြို့နယ် အုပ်ချုပ်ရေးမှူး (ယူအန်အို) ရှိတ် အေဟ်ဆန် ဥဒဒင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသတင်းဌာန တစ်ခုဖြစ်တဲ့ bdnews24သတင်းမှာ ဖော်ပြထားပါတယ်။
“ဘက်စုံမတည်ငြိမ်တဲ့ မိုးလေဝသ အခြေအနေကြောင့် ငါးသမား ၁၂ ဦးဟာ မနက်ပိုင်းက ကမ်းခြေသို့ ပြန်လာနေချိန်မှာ အာရက္ခတပ်တော်က ဖမ်းဆီးသွားတယ်။ ဒီသတင်းကိုတော့ ပြန်ရောက်လာတဲ့ ငါးဖမ်းသမားတွေ ရဲ့ပြောဆိုချက်အရသိရတာဖြစ်တယ်”လို့ တက်ကနက်မြို့နယ် အုပ်ချုပ်ရေးမှူး (ယူအန်အို) ရှိတ် အေဟ်ဆန် ဥဒဒင်း ကပြောထားပါတယ်။
သူ့အနေ နဲ့လည်း လက်ရှိဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေ ပြန်လည်လွတ်မြောက်ရေး အတွက် ကြိုးပမ်းမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံသား ငါးဖမ်းသမားတွေဟာအလွန်တရာ မလုံခြုံမှုတွေ ရှိနေတဲ့ အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတဲ့ အတွက်ဒီကိစ္စကို အမြဲတမ်း ဖြေရှင်းနိုင်မယ့် လုပ်ထုံးလုပ်နည်း လိုအပ်တယ်လို့လည်း တက်ကနက်မြို့နယ် အုပ်ချုပ်ရေးမှူး (ယူအန်အို) ရှိတ် အေဟ်ဆန် ဥဒဒင်း ကပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းတာတွေကို မကြာခဏဆိုသလိုကျူးလွန်နေတာတွေရှိနေပြီးတော့ အာရက္ခတပ်တော်ကလည်း ဒီရေပိုင်နက်ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းတဲ့ သူတွေကို ဖမ်းဆီးကာ အသိပေးတာ၊ခံဝန်ကတိထိုးပြန်လွတ်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ပေးနေတာတွေ ရှိနေပါတယ်။





Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.info/pt-PT/register?ref=KDN7HDOR