ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာ အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးခိုးဖမ်းမှုတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေပါတယ်။
အဲဒီလိုရေပိုင်နက်ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းဆီးသူတွေကို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်တွေက ဖမ်းဆီးပြီး နောက်တစ်ကြိမ်ရေပိုင် နက်ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းတာမလုပ်ဖို့ ခံဝန်ကတိထိုးကာ ပြန်လွှတ်ပေးနေတာတွေရှိနေပေမယ့် ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရေလုပ်သားတွေဟာ ငါးခိုးဖမ်းတာတွေကို လက်ရှိအချိန်ထိ ဆက်တိုက်ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာကျွန်းဘက်ကလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံငါးဖမ်းသမား ၄ ဦးဟာ အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီးတော့ ငါးဖမ်းနေတဲ့ အတွက် အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ နဲ့ နီးစပ်သူက ဆိုပါတယ်။
အဲဒီလို အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန်မှာလည်း အသာတကြည် အဖမ်းမခံဘဲ ၈ နာရီလောက်မှာ အဲဒီရေပိုင်နက်ကျူးကျော်ဝင်ရောက်ငါးဖမ်းနေသူတွေကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီရေပိုင်နက်ကျူးကျော်ဝင်ရောက်ပြီးတော့ဖမ်းဆီးရမိထားတဲ့ သူတွေကို အာရက္ခတပ်တော်က တရားဥပဒေ နဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။




