Home သတင်း ရေလုပ်သား ရခိုင်က ရေလုပ်သားတွေ စကမ ဖမ်းဆီး ငွေညှစ်မှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်ဖို့ပိုခက်ခဲလာနေ

ရခိုင်က ရေလုပ်သားတွေ စကမ ဖမ်းဆီး ငွေညှစ်မှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်ဖို့ပိုခက်ခဲလာနေ

20
0

Coastal News Agency

ရခိုင်က ရေလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ကော်မရှင် နေဗီက ဖမ်းဆီးတာ၊ငွေညှစ်တာတွေ ရှိနေတဲ့ အတွက် ရေလုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေ ကြရတယ်လို့ ဒေသခံ ရေလုပ်သားတွေက ပြောကြပါနတယ်။

စစ်ကော်မရှင်တပ်တွေဟာ ရခိုင်က ရေလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ မြို့နယ်တွေ ဖြစ်တဲ့ သံတွဲ၊ပေါက်တော၊မာန်အောင် စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ် တွေက ရေလုပ်ငန်းလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးကာ ငွေညှစ်မှုတွေ ရှိလာတဲ့ အတွက် အခုလို အခက်အခဲတွေ နဲ့ ရင်ဆိုင်လာနေရတာဖြစ်တယ်လို့ သံတွဲမြို့နယ် အတွင်းက ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“နေဗီတွေက အရင်ကထက် ဖမ်းတာပိုများလာတယ် ကမ်းနီးအထိကို လိုက်ပြီးတော့ဖမ်းတာ ထွက်ပြေးလို့ သူတို့လိုက်မမှီရင်ပစ်တယ်။ဖမ်းပြီးရင်လည်း ငွေဘယ်လောက်ပေးရမယ် မပေးရင် စစ်သင်တန်းပို့မယ်ဆိုပြီးလုပ်တယ်။ကျနော်တို့အတွက် တော်တော်ခက်ခဲလာတယ် အခုနောက်ပိုင်း လုပ်ကိုင်စားသောက်ရတာက။ဖမ်းခံရတဲ့ သူတွေကတော့ အခုထိ အစအန ပျောက်နေတယ် “လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က သံတွဲမြို့နယ် ၊ ဂျိတ္တောရပ်ကွက်အတွင်းက ကိုမောင်ကျော်စိုး အပါအဝင် ဒေသခံ ၆ ဦးဟာ ငါးဖမ်းထွက်သွားရာကနေ စစ်ကော်မရှင် နေဗီ နဲ့ တွေ့ကာ ရေလုပ်သား ၆ ဦးထဲက ၅ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီးတော့ ကိုကျော်ဇံဖြိုးဆိုသူမှာတော့ ရေထဲခုန်ချကာ ထွက်ပြေးလာတဲ့ အတွက် စစ်ကော်မရှင် နေဗီရဲ့ ဖမ်းဆီးမှုလက်ထဲကနေ ထွက်ပြေးလွတ်မြော က်လာခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရေလုပ်သား ၅ ဦး ကတော့ လက်ရှိအချိန်ထိ အဆက် အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာလည်း ပေါက်တောမြို့နယ်၊ကျေးပင်ချိုင်ပိုက်ဆိပ်ကနေ ပေါက်တောနယ်အစပ် အနောက်ဖက်ပင်လယ်ကို ငါးဖမ်းလှေအကြီး ၁ စီး လှေငယ် ၂ စီး နဲ့ ပိတ်လှေ ၁ စီး နဲ့ ငါးဖမ်းထွက်လာတဲ့ ပေါက်တောမြို့နယ်၊ပြိုင်တောင်ကျေးရွာက ဦးစံကျော်နု အပါအဝင် ဒေ သခံ ရေလုပ်သား ၂၈ ဦး ထဲက ၁၀ ဦးမှာ စစ်ကော်မရှင်နေဗီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အဲဒီနောက်မှာ စစ်ကော်မရှင်နေဗီက ရေလုပ်သားတစ်ဦးကို ငွေဆယ်သိန်းကျပ်စီပေးမှ ပြန်လွတ်ပေးမှာဖြစ်တယ်လို့ အကြောင်းကြားလာတဲ့ အတွက်သွားရောက်ရွေးထုတ်ခဲ့ကြရတယ်လို့ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက အခုလိုပြောပြပါတယ်။

“ဖြစ်တာက ၂၅ ရက်နေ့ညမှာ ဖြစ်တာ ပေါက်တောနယ်အစပ်က အထွက်မှာဖြစ်တာ စစ်ကော်မရှင်က နေဗီနဲ့ တွေ့တော့ ကျနော်တို့ပြန်ဝင်ပြေးတော့ စက်သေနတ်တွေ နဲ့ လိုက်ပြီးတော့ ပစ်ဖမ်းတယ် ၃ စီးကတော့လွတ်လာတယ် ပိတ်လှေနဲ့ကျန်ခဲ့တဲ့ ၁၀ ဦးကတော့ ဖမ်းခံလိုက်ရတယ်။ပြီးတော့ နေဗီကို ခေါ်သွားပြီးတော့ ရိုက်နှက်တာတွေ လုပ်ခဲ့တယ် ၂၆ ရက်နေ့မှာ တစ်ယောက်ကို ငွေ ၁၀ သိန်းနဲ့ လာရွေးဖို့ ပြောလာတယ်”လို့ သူကပြောပါတယ်။

အဲဒီဖမ်းဆီးခံရသူ ကိုမာဇီ အပါအဝင် ၁၀ ဦးကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တစ်ဦးကို ငွေကျပ် ၁၀ သိန်းကျပ်စီ နဲ့ ရွေးထုတ်ခဲ့ရတဲ့ အတွက် လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဇန်နဝါရီလ ၂၅ ရက်နေ့မှာဘဲ ပေါက်တောမြို့နယ်၊အနောက်ရဲ မွတ်ဆ လင်ကျေးရွာက ငါးဖမ်းထွက်လာတဲ့ မွတ်ဆလင် ၆ ဦးကိုလည်း စစ်ကော် မရှင်နေဗီက ထပ်မံဖမ်းဆီးတာရှိခဲ့ပြီးတော့ အဲဒီဖမ်းဆီးသွားတဲ့ မွတ်ဆလင် ၆ ဦးကိုတော့ လက်ရှိအချိတ်အထိ အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့ သိရှိထားရကြောင်း အဲဒီပေါက်တောဒေသခံရေလုပ်သားက ဆက်လက်ပြောဆိုပါတယ်။

ရခိုင်က မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်ပေမယ့် စစ်ကော်မရှင် ရေတပ်သင်္ဘောတွေဟာ ရခိုင်ပင်လယ်ပြင် ထဲမှာ အခြေချကာ ဒေသခံရေလုပ်သားတွေကို ဖမ်းဆီးငွေညှစ်တာတွေကို ဆက် လက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here