Home သတင်း ကျန်းမာရေး သံတွဲမြို့က ကျန်းမာရေးမကောင်းလို့ ရန်ကုန်ကို ဆေးသွားကုတဲ့ အမျိုးသမီးတစ်ဦး ခရီးကြန့်ကြာမှုကြောင့်လမ်းမှာသေဆုံး

သံတွဲမြို့က ကျန်းမာရေးမကောင်းလို့ ရန်ကုန်ကို ဆေးသွားကုတဲ့ အမျိုးသမီးတစ်ဦး ခရီးကြန့်ကြာမှုကြောင့်လမ်းမှာသေဆုံး

79
0
သေဆုံးသွားတဲ့ မခင်မျိုးနွယ် တင်ဆောင်လာတဲ့ ကားအား တွေ့ ရစဉ်။ CJ

သံတွဲမြို့နယ်အတွင်းက ကျန်းမာရေးမကောင်းလို့ ရန်ကုန်ကို ဆေးကုသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ခရီးကြန့်ကြာမှု ကြောင့် လမ်းမှာသေဆုံးမှု ဖြစ်ပွါးခဲ့ရတယ်လို့ သေဆုံးသွားသူရဲ့ မိသားစုဝင်တွေ နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးမှာ သံတွဲမြို့နယ် ဇာတီပြင်ကျေးရွာက ဆီးချိုရောဂါ ဝေဒနာ ကိုခံစားနေရတဲ့ ကမန်လူမျိုး အမျိုးသမီးငယ် မခင်မျိုးနွယ်ဖြစ်ပြီး သံတွဲဆေးရုံမှာ ဆေးဝါးမရှိတဲ့ အတွက် ရန်ကုန်ဆေးရုံသို့ ဆေးကုသဖို့ သွားရောက်ရာမှာ လမ်းခရီး ကြန့်ကြာမှုကြောင့် အခုလို သေဆုံးခဲ့ရတာ ဖြစ်တယ်လို့သေဆုံးသူ နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“သံတွဲဆေးရုံမှာ ဆေးဝါးမရှိတာကြောင့် လူနာကို ရန်ကုန်သို့ ပို့တာပါ။ရိုးလမ်းမမှာ ဆုံးသွားတာ။လမ်းခရီးက ၃ ရက်ကြာနေပါပြီး ။ကျနော်တို့ လာရတဲ့ လမ်းခရီးကလည်းဝေး ရေကြီး မြေပြိုတာနဲ့လည်း ဆက်တိုက် ကြုံသွားတော့ အခုလို လမ်းမှာသေရတာသေတော့မှ ငသိုင်းချောင်း ကို ရောက်လို့ ငသိုင်းချောင်းမှာပဲ သင်္ဂြိုလိုက်ရပါတယ်လို့ ” သူကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သံတွဲ နဲ့ ဂွမြို့နယ် အတွင်းမှာ မိုးအဆမတန် ရွာသွန်းခဲ့တာကြောင့်သံတွဲမြို့နယ် နဲ့ ဂွမြို့နယ် အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့သလို ဂွ နဲ့ ငသိုင်းချောင်းကြားက ရခိုင်ရိုးလမ်းမတလျှောက်မှာလည်း မြေပြိုကျမှုတွေ ဖြစ်ပွါးခဲ့တာကြောင့် ခရီးသွားပြည်သူတွေဟာ လမ်းခရီးကို မြန်မြန်ဆန်ဆန် သွားလာလို့ မရဘဲ ခရီးကြန့်ကြာမှုတွေရဲ့ ဒဏ်ကို ခံစားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီလို ပျက်စီးသွားတဲ့ လမ်းတွေကို ကိုယ်ထူကိုထ စနစ်တွေ နဲ့ သွားလာလို့ ရအောင် ပြုပြင်ကာ သွားလာနေကြပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here