Home သတင်း ကျန်းမာရေး အရေပြားရောဂါ ခံစားနေကြရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းစစ်ရှောင်တွေအရေးပေါ်ဆေးဝါးထောက်ပံ့မှုလိုအပ်နေ

အရေပြားရောဂါ ခံစားနေကြရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းစစ်ရှောင်တွေအရေးပေါ်ဆေးဝါးထောက်ပံ့မှုလိုအပ်နေ

94
0
အရေပြားရောဂါ ခံစားနေကြရတဲ့ စစ်ရှောင်ပြည်သူအားတွေ့ရစဉ်။CJ

အရေပြားရောဂါ ခံစားနေကြရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ အရေးပေါ်ဆေးဝါးကုသမှုတွေ နဲ့ ဆေးဝါးထောက်ပံ့တာတွေ ပေးဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကပြောဆိုကြပါတယ်။

အခုလို စစ်ဘေးရှောင်တွေ အရေပြားရောဂါကို ခံစားနေကြရတာဟာ မသန့်ရှင်းတဲ့ ရေတွေကို အသုံးပြုရတာ၊ ခြင်တွေအဆမတန်အကိုက်ခံရတာ စတာတွေကြောင့် အခုလို အရေပြားရောဂါ ဖြစ်ပွါးနေကြရတာ ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက စစ်ဘေးရှောင် တစ်ဦးကပြောပါတယ်။

“ကျနော်တို့က မသန့်တဲ့ ရေတွေကိုလည်းသုံးနေရတယ်။အိပ်တဲ့အခါ ခြင်ထောင်တွေလည်းမရှိခြင်တွေကလည်းကိုက်တော့ အဲဒီလိုအခြေအနေက စပြီး အခုလို အရေပြားရောဂါ ခံစားနေရတာ ဖြစ်တယ်လို့” သူကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ရှောင် ၉၀ ရာခိုင်နူန်းလောက်ဟာ လက်ရှိမှာ ဒီအရေပြားရောဂါကို ခံစားနေကြရတာဖြစ်ပြီး ရောဂါ ဖြစ်ပွါးနေသူ အများစုဟာ ကလေးအရွယ် ကနေသက်ကြီးပိုင်းတွေ အထိ ကူးစက်ဖြစ်ပွါးနေတာ ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်တွေကဆိုပါတယ်။

“လူ ၁၀၀ မှာ ၉၀ ရာခိုင်နူန်းလောက်က ဖြစ်နေတယ်အခု ကလေး ကနေပြီး သက်ကြီးပိုင်းတွေထိ ဖြစ်နေတာ။ယားတာကလည်း တော်တော်ယားတာ တောဆေး၊တောင်ဆေးတွေ နဲ့တော့ ကျနော်တို့လည်း ရသလောက်တော့ ကုကြတယ်။ဒါပေမယ့် မသက်သာဘူး။တစ်ညလုံး မအိပ်နိုင်ပဲ နဲ့ ကုတ်နေရတယ်။ ဆေးခန်းသွားပြဖို့ အတွက်ကလည်း စစ်ဘေးရှောင်တွေဖြစ်တော့ ငွေကြေးလည်း မရှိကြဘူး တော်တော် ခက်ခက်ခဲခဲ ဖြစ်နေကြရတယ်လို့” သူကပြောပါတယ်။

အခုလို စစ်ဘေးရှောင်တွေ ကျန်းမာရေးပိုင်ဆိုင်ရာ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူတွေ ကျန်းမာရေး ကောင်းမွန်လာအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေ နဲ့ ဆေးဝါးကုသရေး နဲ့ ဆေးဝါးထောက်ပံ့ရေးတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်သလို နိုင်ငံတကာအဖွဲ့အစည်း နဲ့ ပရဟိတအဖွဲ့အစည်းတွေကလည်း ဆေးဝါးလှူးဒါန်းတာတွေကို လုပ်ဆောင်ပေးစေချင်တယ်လို့စစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှာ စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော် အေအေက အပြီးသတ်သိမ်းပိုက် ရရှိထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းကပင် ရခိုင်ပြည်အတွင်းကို ဆေးဝါး နဲ့စားနပ်ရိက္ခာတင်သွင်းမှုတွေကို ကန့်သတ်ပိတ်ဆို့ထားတာတွေကြောင့် ရခိုင်က ပြည်သူတွေဟာ ဆေးဝါးပြတ်လပ်တဲ့ ဒဏ်တွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here