Home သတင်း ကျန်းမာရေး ရခိုင်မှာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းဖွင့်လှစ်ထား

ရခိုင်မှာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းဖွင့်လှစ်ထား

47
0

ရခိုင်မှာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနကနေပြီးတော့ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းကို ဖွင့်လှစ်ထားတယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒီ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အနေ နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတည်းကပင် ဖွင့် လှစ်ထားခဲ့တာဖြစ်ပြီးတော့ သင်တန်းဟာ ၈ လတာ ကြာမြင့်မှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဒီသင်တန်းကို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနအနေ နဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ဖို့ နဲ့ ရခိုင်မှာ ရှိနေတဲ့ အာရက္ခပြည်သားတိုင်း လက်လှမ်းမီနိုင်တဲ့ ပဏာမကျန်းမားရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

ဒီသင်းတန်းမှာ လက်ရှိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက်ထိတက်ရောက်သင်ကြားနေတာတွေရှိပြီးတော့ သင်တန်းပြီးဆုံးတဲ့ အထိ တက်ရောက်ကြတဲ့ သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဝန်ထမ်းလိုအပ်ချက်တွေ နဲ့ အတူ အလုပ်ခန့်အပ်တာတွေကိုလည်း လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းဆင်းတွေ အနေ နဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုတွေ အနေ နဲ့ ကူးစက်မြန် နဲ့ ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေး၊ ဘေးအန္တရာယ်နဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေ စီမံခန့်ခွဲရေး၊စီမံချက်ဝင်ရောဂါတိုက်ဖျက်ရေး၊မကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်ကုသရေး၊ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ကျန်းမာရေး၊ကျန်းမာရေးအသိပညာမြှင့်တင်ရေး အပါအဝင် ရပ်ရွာလူထုတွေ နဲ့ တိုက်ရိုက်ထိတွေ့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်မှာရှိနေတဲ့ လူငယ်လူရွယ်တွေကို ပညာရေးဆိုင်ရာ အခွင့်အလမ်း နဲ့ အလုပ်အကိုင်အခွင့် အလမ်းကို တပြိုင်တည်းဆောင်ရွက်ပေးနိုင်ဖို့ အတွက် ဒီလို ပြည်သူ့ကျန်းမာရေးကြီးကြပ် သင်တန်းတွေ အပြင် ဘက်စုံအကျိုး ဖြစ်ထွန်းတဲ့ သင်တန်းတွေကို အခြေအနေ နဲ့ အခွင့်အရေးပေးမှုတွေအရ ထပ်မံ ဖွင့်လှစ်တာတွေကို လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုထားပါတယ်။

တဖက်မှာလည်း ရခိုင်ဒေသ အတွင်းမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ထပ်ပြီးလိုအပ်နေသေးတာကြောင့် ပြည်သူတွေ အပေါ်မှာ စေတနာရှိတဲ့ ဘယ်လူမျိုးမဆို ၊ လာရောက်ပူးပေါင်းဖို့ကိုလည်း အာရက္ခပြည်သူ့အစိုးရအနေ နဲ့ ဖိတ်ခေါ်ထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here