သံတွဲမြို့နယ်အတွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ နဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂၁၅၀ ဦးကို ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ အနေ နဲ့ ခြောက်လတာ ကာလအတွင်းမှာ အခမဲ့ ဆေးကုသပေးတာတွေကိုလုပ်ဆောင်နိုင်ခဲ့တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီအစီအစဉ်ကို ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့နဲ့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ ပူးပေါင်းပြီတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေ လှူဒါန်းပေးထားတဲ့ အလှူငွေ တွေ နဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်း ကပင် တစ်လမှာ ၂ကြိမ်းနူန်း (mobile clinic system) နဲ့ သံတွဲမြို့နယ်အတွင်းမှာသွားလာရေး အခက်အခဲရှိတဲ့နေရာတွေ၊ ငွေကြေးအဆင်မပြေတဲ့သူတွေ၊သက်ကြီးရွယ်အိုတွေ၊ကလေးငယ်တွေ အပါအဝင် ဘာမျိုးဘာသာမရွေးဘဲ နယ်လှည့်ပြီးတော့ အခမဲ့ဆေးကုသပေးမှု လုပ်ဆောင်လာတာဟာ လက်ရှိမှာ ခြောက်လတာ ကာလအထိရှိလာနေတာလည်း ဖြစ်ပါတယ်။
အဲဒီလို ဆေးသွားရောက်ကုသပေးတဲ့ နေရာမှာ အများစု အနေ နဲ့ ယားနာ၊ဆီးချို၊သွေးတိုး နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေကို ကုသပေးရတာဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုနီထွန်းအောင် က အခုလိုပြောပါတယ်။
“တစ်ခါဆေးကုသရင် သိန်းလေးဆယ်ကျော်ကုန်ကျပါတယ် တစ်လကို သုံးကြိမ်လောက်သွားချင်ပေမဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့် အများဆုံး တစ်လ နှစ်ကြိမ်ပဲသွားနိုင်ပါတယ် ဆေးကုသပေးရေးအတွက်အလှူငွေတွေလိုအပ်ဆဲပါ။ အဓိကတော့ ယားနာ ဆီးချို သွေးတိုး ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေ ခလေးငယ်တွေကို လာရောက်ပြသကြပါတယ်။အာဟာရအားနည်းတာတွေလည်းတွေ့ရပါတယ် ဆေးဝါးလိုအပ်ချက်တွေကအများကြီးရှိပါတယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာလည်း သံတွဲမြို့နယ် အတွင်းမှာ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရသေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေဆဲဖြစ်တဲ့ ပြည်သူ ဦးရေ ဟာ ခုနှစ်ထောင်ဝန်းကျင်ထိ ရှိနေသေးတဲ့ အတွက် အဲဒီစစ်ရှောင်ပြည်သူတွေ နဲ့ ဒေသခံ ပြည်သူတွေကို ဆက်လက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ကိုနီထွန်းအောင် က ဆက်လက်ပြောဆိုပါတယ်။
“နေရပ်မပြန်နိုင်ကြသေးတဲ့ မိဘပြည်သူတွေ ယာယီစစ်ရှောင်နေရာတွေမှာရှိနေပါသေးတယ်အခုအချိန်မှာက ဆေးဝါးတွေစျေးကြီးပါတယ် ဆေးကုသဖို့ဆိုတာ အခက်အခဲရှိပါတယ် အဲ့တာ ကြောင့်မို့ ကျွန်တော်တို့က ပြည်သူတွေဆီအရောက်သွားတာပါ ပြည်တွင်းပြည်ပအလှူရှင်တွေကိုလည်းမေတ္တာရပ်ခံချင်ပါတယ် အကူအညီပေးကြပါလို့ ကျွန်တော်တို့ ရှေ့ဆက်ပြီတော့ အခမဲ့နယ်လှည့်ဆေးကုသရေးအစီအစဥ်ကတော့ သွားနေမှာပါ လူမျိုးမရွေး ဘာသာမရွေးကုသပေးနေတာပါ မွွတ်လင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေ ဗုဒ္ဓဘာသာ ကျေးရွာတွေကိုလည်းအလှည့်ကျသွားတာဖြစ်ပါတယ်”လို့သူကဆိုပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးချိန်ကစပြီးတော့ စစ်ကော်မရှင်ဟာ ရခိုင်ကို ဆေးဝါးတင်သွင်းခွင့် အပါအဝင် သွားလာခွင့်အထိကို ကန့်သတ်တားမြစ်ထားခဲ့ပါတယ်။အဲဒီလို ကန့်သတ်တားမြစ်ထားတဲ့ အတွက် ရခိုင်ဒေသခံပြည်သူတွေဟာ ကျန်းမာရေးအတွက် ဆေးဝါးကုသရေး အခက်အခဲရှိတာ ဒေသအတွင်းမှာ ဆေးဝါးရှားပါတဲ့ဒဏ်တွေကိုလည်းရင်ဆိုင်ခဲ့ကြရသလို တဖက်မှာလည်း အလုပ်အကိုင်ရှားပါးတာ၊ကုန်စျေးနူန်း အဆမတန်မြင့်တက်တဲ့ ဒဏ်တွေကို ရင်ဆိုင်ခံစားနေကြရပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.