Home သတင်း ကျန်းမာရေး အမ်းမှာ အသက် ၆ နှစ်အရွယ် ချင်းလူမျိုး ကလေးငယ်တစ်ဦးအတွက် ဆေးဝါးကုသစရိတ် အရေးပေါ်လိုအပ်နေ

အမ်းမှာ အသက် ၆ နှစ်အရွယ် ချင်းလူမျိုး ကလေးငယ်တစ်ဦးအတွက် ဆေးဝါးကုသစရိတ် အရေးပေါ်လိုအပ်နေ

133
0

Coastal News Agency

အမ်းမှာ အသက် ၆ နှစ်အရွယ် ချင်းလူမျိုး ကလေးငယ်တစ်ဦးအတွက် ဆေးဝါးကုသစရိတ် အရေးပေါ်လိုအပ်နေတယ်လို့ အဲဒီကလေးငယ်ကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

အကူအညီလိုအပ်နေတဲ့ အသက် ၆ နှစ်အရွယ် ချင်းလူမျိုး ကလေးငယ်ကတော့ အမ်းမြို့နယ် လော်ဟိန်းကျေးရွာက ဦးကေ နဲ့ ဒေါ်တင်လှတို့ရဲ့ သားအသက် ၆ နှစ်အရွယ် မောင်မိုးထက် ဖြစ်ပါတယ်။

မောင်မိုးထက်မှာ ဆော့ကစားလို့ ပေါင်အနီးတဝိုက်ဒဏ်ရာအနည်းငယ် ရရှိရာကနေ ဆေးဝါးကုသမှု မလုပ်ဆောင်နိုင်ခဲ့တာကြောင့် လက်ရှိဒဏ်ရာမှာ တဖြေးဖြေးကြီးမားလာခဲ့ရတာကြောင့် အခုလို အရေးပေါ်ဆေးကုသစရိတ်လိုအပ်လာတာ ဖြစ်တယ်လို့ ကလေးငယ်ဆေးကုသရေး နဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ Arakan Responders for Emergencyအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။

“AREကလည်း လက်ရှိမှာ ကူညီထောက်ပံ့ပေးနိုင်ဖို့ ငွေကြေးရှာဖွေနေပါတယ်။ARE ကလည်း အများကြီးမတတ်နိုင်တဲ့ အတွက် လက်ရှိမှာ ကလေးအတွက် ၂ သိန်းလောက်ပဲထောက်ပံ့နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။လက်ရှိမှာတော့ နီစပ်ရာဆေးရုံတစ်ခုမှာ ကုသဖို့လုပ်ဆောင်ပေးထားပါတယ် ။ကလေးအနာတွေကောင်းဖို့ အတွက်က ဒီထက်ပိုတဲ့ ငွေကြေးလိုအပ်နေတာပါ”လို့ ပြောပါတယ်။

မောင်မိုးထက် မိဘတွေဟာ တနေ့လုပ်မှတနေ့စားရတဲ့ လက်လုပ်လက်စား တွေ ဖြစ်ကြတာကြောင့် လက်ရှိ ဆေးကုသနေချိန်မှာ ဆေးကုသစရိတ်တစ်ခုတည်း လိုအပ်တာ မဟုတ်ဘဲ စားသောက်ရေး နေထိုင်ရေး အတွက်လည်းလို အပ်ချက်တွေ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် ဒီကလေးငယ်ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ အတွက် အလှူရှင်တွေ အနေ နဲ့ ကူညီထောက်ပံ့လှူဒါန်းတာတွေကို လုပ်ဆောင်ပေးကြဖို့ကိုလည်း တောင်းဆိုတယ်လို့ Arakan Responders for Emergencyအဖွဲ့ တာဝန်ရှိသူက တောင်းဆိုထားပါတယ်။

“AREက တတ်နိုင်တဲ့ ငွေကြေး နဲ့ ကြည်တဲ့ အခါမှာ လိုအပ်ချက်ကပိုများနေတယ်။ဒီကလေး ကျန်းမာဖို့၊ ခြီထောက်တဖက် ပုံမှန်ဖြစ်လာဖို့၊ သာမန်ကိုယ့်သားသမီး တွေ ကစားနိုင်ဖို့ အတွက် ကူညီထောက်ပံ့ပေးကြဖို့ကို ကျနော်တို့ မေတ္တာရပ်ခံပါတယ်”လို့ တောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here