အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စောမဲကျီဖောင်ဒေးရှင်း က ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းခဲ့တယ်လို့ မနေ့က ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလှူဒါန်းလိုက်တဲ့ ငွေကြေးတွေကို ရခိုင်မှာ ရှိနေတဲ့ ဆင်းရဲနွမ်းပါးပြီး ဆေး ကုသမှု ရယူရန် အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ အ တွက် နဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ရဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အတွက်ရည်ရွယ်ပြီးလှူ ဒါန်းခဲ့တာလို့ စောမဲကျီဖောင်ဒေးရှင်း ကဆိုပါတယ်။
ဒါ့အပြင် လက်ရှိလှူးဒါန်းခဲ့တဲ့ ကျပ်သိန်းတစ်ထောင်ဟာလည်း စောမဲကျီဖောင်ဒေးရှင်းကို ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ လှူဒါန်းထားတဲ့ ငွေကြေးတွေ ဖြစ်ပြီးတော့ စောမဲကျီဖောင်ဒေးရှင်းကနေတဆင့် သက်ဆိုင်ရာ တာဝန် ရှိဌာနတွေကနေတဆင့် ပြည်သူတွေကို ပြန်လည်လှူဒါန်းပေးတာလည်း ဖြစ်ပါတယ်။
စောမဲကျီဖောင်ဒေးရှင်းအနေဖြင့် ဒီငွေကျပ်သိန်းတစ်ထောင်လှူဒါန်းမှုအပြင် အရင်တုန်းကလည်း စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး နဲ့ နေထိုင်ရေး အတွက်အဆင်ပြေနိုင်ဖို့ကိုလည်း ပါဝင်လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်မှု ရှိခဲ့တဲ့ လူမှုကူညီရေး အဖွဲ့အစည်း တစ်ခုလည်းဖြစ်ပါတယ်။




