Home သတင်း ကျန်းမာရေး အာရက္ခဆေးပညာသိပ္ပံကျောင်း တက်ရောက်ခွင့် လျှောက်လွှာခေါ်ယူ

အာရက္ခဆေးပညာသိပ္ပံကျောင်း တက်ရောက်ခွင့် လျှောက်လွှာခေါ်ယူ

67
0
ပုံ - တပ်တော်ဆေးတပ်ဖွဲ့ဝင်များအား ဆေးပညာဆိုင်ရာ လက်တွေ့သင်ကြားပို့ချပေးနေသည့် အနေအထားတစ်ခုမြင်ကွင်း။ ပုံဟောင်း။

Coastal News Agency

အာရက္ခဆေးပညာ သိပ္ပံကျောင်းတက်ရောက်ခွင့် လျှောက်လွှာကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ခေယ်ယူနေတာပါ။

ဒီဆေးကျောင်းကို တက်ရောက်မယ့် သူတွေ အနေ နဲ့ အသက် (၂၅) နှစ်အောက်ဖြစ်ပြီးတော့ ရခိုင်ပြည်တွင်းမှာ နေထိုင်သူ ဖြစ်ရမှာဖြစ်သလို ရခိုင်ပြည်ပြင်ပကို ရောက်နေကြတဲ့ သူတွေ အနေ နဲ့ တက်ရောက်ဖို့စိတ်ဝင်စားရင် သတ်မှတ်အရည်အချင်းတွေ နဲ့ ကိုက်ညီတဲ့ သူတွေလည်းလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

ပညာအရည်အချင်းတွေ အနေ နဲ့ကတော့ ၂၀၂၄ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း) အောင်မြင်ခဲ့တဲ့ သူတွေ အနေ နဲ့ ဇီဝဗေဒ သိပ္ပံတွဲ နဲ့ စာမေးပွဲ အောင်မြင်ခဲ့သူဖြစ်ရမှာဖြစ်သလို ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်တစ်ခုချင်းစီမှာ ရမှတ် (၇၀) နဲ့ အထက် ရှိသူ ဖြစ်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အင်္ဂလိပ်စာ ရမှတ် ကတော့ (၆၀) နဲ့ အထက်ရရှိထားသူ ဖြစ်ရမှာ ဖြစ်ပြီးတော့ ဘာသာပေါင်းစုံ ရမှတ် စုစုပေါင်းရမှတ် (၄၀၀) နဲ့ အထက် ရရှိထားသူ ဖြစ်ရမှာလည်း ဖြစ်ပါတယ်။

၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အထိ (စနစ်သစ် (၁၂) တန်း စာမိန်းပွဲ) အောင်မြင်ပြီးသူတွေ အနေ နဲ့လည်း ဇီဝဗေဒ သိပ္ပံတွဲ နဲ့ အောင်မြင်ခဲ့သူဖြစ်ရမှာ ဖြစ်ပြီး တော့ အင်္ဂလိပ်စာရမှတ် (၆၀) နဲ့ ဘာသာပေါင်းစုံ စုစုပေါင်းရမှတ် (၄၀၀) နနဲ့ အထက် ရရှိသူတွေ ဖြစ်ရမှာ ဖြစ်သလို ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များတွင် ရမှတ် (B နဲ့ အထက်) ရဟိသူများ ဖြစ်ရမှာ ဖြစ်ပြီးတော့ အင်္ဂလိပ်စာ ရမှတ် (C နဲ့ အထက်) ရရှိသူတွေ ဖြစ်ရမှာလည်း ဖြစ်ပါတယ်။

၂၀၂၂ နောက်ပိုင်း အခြေ ခံပညာပြီးမြောက်ကြောင်း စစ်ဆီးအကဲဖြတ်ခြင်း (Basic Education Completion Assessment (BECA)) ကို အောင်မြင်ထားသူတွေ အနေ နဲ့လည်း ဇီဝဗေဒ သိပ္ပံတွဲ နဲ့ အောင်မြင်ခဲ့သူ ဖြစ်ရမှာ ဖြစ်ပြီးတော့ အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ သာသာရပ်တွေမှာ ရမှတ်အဆင့် B+ နဲ့ အထက် ရရှိသူ ဖြစ်ရမှာ ဖြစ်ပြီးတော့အင်္ဂလိပ်စာ ရမှတ်အဆင့်ဟာ B နဲ့ အထက်ရရှိသူ ဖြစ်ရမှာလည်း ဖြစ်ပါတယ်။

GED (General Education Development) Science, Mathematical Reasoning တွေမှာ ဘာသာရပ်ရမှတ် (၁၆၅) နဲ့အထက် ရရှိထားပြီးတော့ Reasoning Though Language Arts (RLA), Social Studies တွင်ရမှတ် (၁၄၅)မှတ်အထက် ရရှိသူတွေ ဖြစ်ရမှာလည်း ဖြစ်ပါတယ်။

IGCSE (International General Certificate of Seco ndary Education) ကိုဖြေဆိုအောင်မြင်ထားသူတွေ အနေ နဲ့ကတော့ Biology, Chemistry, Human Biology, Mathematics, Physics Grade B အထက်ရရှိသူတွေဖြစ်ရမှာ ဖြစ်ပြီးတော့ English as a Second Language ကတော့ Grade C နဲ့ အထက်ရှိသူဖြစ်ရမယ်လို့ ဆိုထားပါတယ်။

လျှောက်ထားသူတွေ အနေ နဲ့လည်း ကျန်းမာရေးကောင်းမွန်ပြီးတော့ နေရာဒေသမရွေးခရီးသွားနိုင်သူဖြစ်ရမှာ ဖြစ်သလို သွေးကနေ ကူးစက်တတ်တဲ့ ရောဂါကင်းရှင်းသူဖြစ်ရမှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင် လျှောက်ထားသူတွေဟာ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား မိတ္တူ (၁) စောင်၊ 4.5 cm x 4 cm Passport ဓာတ်ပုံ ၂ ပုံ၊ ပညာအရည်အချင်းဆိုင်ရာ အထောက်အထား (တက္ကသိုလ်ဝင်တန်း (သို့) (၁၂) တန်း အောင်မြင်ကြောင်း လက်မှတ်နန့် အမှတ်စာရင်းမူရင်း အပြင် အာရက္ခနိုင်ငံသားကောင်းတဦးရဲ့ ကျင့်ဝတ်နန့်ပြည့်စုံကြောင်း၊ ရပ်ရွာပတ်ဝန်းကျင် နဲ့ သဟဇာတရှိအောင် နေထိုင်တတ်ကြောင်း နဲ့ ပြစ်မှုကင်းခြင်းကြောင်းသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ တစ်စောင် ယူဆောင်လာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လျှောက်လွှာတွေကိုတော့ ဇန်နဝါရီလ ၂၅ရက်နေ့ကို နောက်ဆုံးထားပြီးတော့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနတွေကို ပေးဖို့ရမှာ ဖြစ်ပြီးတော့ လျှောက်ထားသူတွေ ကို လျှောက်လွှာပိတ်ရက်ကနေပြီးတော့ တလအတွင်း အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်ရွေးချယ်ရေး အဖွဲ့မှ သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာရေးဖြေစာမေးပွဲကို ဖြေဆိုကြရမှာ ဖြစ်ပြီးတော့

အင်္ဂလိပ်စာရေးဖြေစာမေးပွဲ Reading, Writing skills တွေ ဖြေဆိုရန်လိုအပ်ပြီးတော့ English Level CEFR B1 (Intermediate Level) နဲ့ အခြေခံဆေးပညာသိပ္ပံ ရေးဖြေစာမေးပွဲ နဲ့ အခြေခံ ဆေးပညာ သိပ္ပံရေးဖြေစာမေးပွဲ အတွက် လေ့လာရမယ့်စာအုပ်ကိုတော့ လျှောက်လွှာလက်ခံတဲ့ နေရာကနေပြီးတော့ ထုတ်ယူရမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီရေးဖြေစာမေးပွဲကို အောင်မြင်တဲ့ သူတွေကိုတော့ စိတ်ကျန်းမာရေးစစ်ဆေးတာ နဲ့ လူတွေ့စစ်ဆေးမေးမြန်းတာတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။လူတွေ့ စစ်ဆေးခြင်း အတွက်ရွေးချယ်မှုကိုလည်း တဦးချင်းအကြောင်းကြားမှာမဟုတ်ဘဲ အာရက္ခပြည်သူ့ကျန်းမာရေးဌာန လက်အောက်မှာ ရှိတဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနကနေတဆင့် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးအဆင့် အနေ နဲ့ ရွေးချယ်ခံရပြီးရင်တော့ “ဆေးပညာသိပ္ပံ (၇) နှစ် သင်တန်း” ကို ပြီးဆုံးသည်အထိတက်ရောက်ရမှာဖြစ်ပြီးတော့အာရက္ခပြည်သူ့ကျန်းမာရီးဌာနမှာ ဝန်ထမ်းတဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက်ကိုလည်း ခံဝန်ကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရီးဌာနဟာ ရခိုင်ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဖြည့်ဆည်းပေးနိုင်ဖို့ နဲ့ ရခိုင်ဒေသတွင်းနေထိုင်နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အရင်ထက်ဖြည့်ဆည်းပေးနိုင်ဖို့ ဆေးပညာရှင် ဆရာဝန်လိုအပ်နေမှုကို ပြည့်မီနိုင်ဖို့ အတွင်ဆေးပညာကို ဝါသနာပါပြီး အသက်မွီးဝမ်းကျောင်းပြုလိုတဲ့ အာရက္ခမျိုးဆက်သစ်လူငယ်တွေ၊ အာရက္ခ တိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍမှာ ဆေးဖက်ဆိုင်ရာတာဝန်တွေကို အမျိုးသားရေးအသိတရား နဲ့ တာဝန် ယူလိုစိတ်အပြည့်ရှိတဲ့ တိုင်းချစ် ပြည်ချစ်လူငယ်တွေ အတွက် အဓိကရည်ရွယ်ပြီး “အာရက္ခဆေးပညာ သိပ္ပံကျောင်း (Arakkha School of Medicine)” ကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here