Home သတင်း ကျန်းမာရေး Nipah virus(နီပါးဗိုင်းရပ်စ်) ကူးစက်ရောဂါကို သတိထားဖို့ အာရက္ခပြည်သူ့ကျန်းမားရေးဌာနတိုက်တွန်း

Nipah virus(နီပါးဗိုင်းရပ်စ်) ကူးစက်ရောဂါကို သတိထားဖို့ အာရက္ခပြည်သူ့ကျန်းမားရေးဌာနတိုက်တွန်း

28
0

Coastal News Agency

လက်ရှိ ဖြစ်ပွားလျှက်ရှိနေတဲ့ Nipah virus(နီပါးဗိုင်းရပ်စ်) ကူးစက်မှုမဖြစ်ပွားရအောင်ပြည်သူတွေ အနေ နဲ့ အထူးသတိထားကြဖို့ကို အာရက္ခပြည်သူ့ကျန်းမားရေးဌာနက ဒီနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်တိုက် တွန်းလာပါတယ်။

Nipah virus ကူးစက်ခံရသူတွေဟာ သေနိုင်ခြေရှိနိုင်တာ ဖြစ်ပြီးတော့ ကူးစက်ခံရသူတွေ အနေ နဲ့ ခံစားရမယ့် ရောဂါလက္ခဏာတွေကတော့ ဖျားနာတာ၊ ပြင်းထန်စွာခေါင်းကိုက်တာ ကြွက်သားများ နာကျင်တာ၊ လည်ချောင်းများ နာကျင်တာ ၊ချောင်းဆိုးတာ၊ အသက်ရှုရခက်ခဲတာ၊ အိပ်ငိုက်တာ​၊ စိတ်ရှုပ်ထွေးတာတွေ အပြင် တက်တဲ့ ရောဂါလက္ခဏာတွေကိုခံစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကူးစက်နိုင်တဲ့ ပုံစံတွေကတော့ လင်းနို့(လင်းဆွဲ)ကိုက်ထားတဲ့ အသီးတွေမှာပါဝင်တဲ့ အညစ်အကြေးတွေကနေ တဆင့်ကူးစက်နိုင်သလို လူအချင်းချင်း ထိတွေ့ရာကနေ ကူးစက်နိုင်သလို ချောင်းဆိုးတာ ၊နှာချေတာ ကနေတဆင့် ကူးစက်နိုင်သလို လူတွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အညစ်အကြေးတွေကနေတဆင့်လည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရမယ့် နည်းလမ်းတွေကတော့ လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေး ကြောတာ လင်းနို့ (လင်းဆွဲ)ကိုထားတဲ့ အသီးအနှံ့တွေကို မစားသုံးဖို့ လိုအပ်သလို ဖျားနာသူ၊ချောင်းဆိုး၊နှာချေတဲ့ သူတွေ နဲ့ နီးနီးကပ်ကပ်နေတာ မလုပ်ဖို့ကိုလည်း သတိပေးထားပါတယ်။

ပြုစုစောင့်ရှောက်သူတွေ အနေ နဲ့လည်း Mask တွေ လက်အိပ်တွေ စတဲ့ ကာကွယ်ရေး ပစ္စည်းတွေ တပ်ဆင်ပြီးမှ သေသေချာချာ ပြုစုသောင့်ရှောက် ဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမားရေးဌာနက အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here