Home သတင်း ကျန်းမာရေး ရခိုင်မှာ အာရက္ခပြည်သူ့ကျန်းမာရီးဌာနက နီပါးဗိုင်းရပ်စ်ကာကွယ်ရေး အသိ ပညာပေးမှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ

ရခိုင်မှာ အာရက္ခပြည်သူ့ကျန်းမာရီးဌာနက နီပါးဗိုင်းရပ်စ်ကာကွယ်ရေး အသိ ပညာပေးမှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ

61
0
ပုံ - အာရက္ခပြည်သူ့ကျန်းမာရေးဌာန

Coastal News Agency

ရခိုင်ပြည်တွင်းမှာ နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေ အနေ နဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အသိ ပညာပေးလုပ်ငန်းတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးနေတယ်လို့ ဒီမနက်မှာ သတင်းထုတ်ပြန်လာပါတယ်။

လူအသက်သေဆုံးမှု ဖြစ်နိုင်တဲ့ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး ဆိုင်ရာစည်း ကမ်းချက် လက်ကမ်းစာစောင်တွေကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက အများပြည်သူလမ်းသွားလမ်းလာ၊ စည်ကားလျက်ရှိနေတဲ့စျေး၊ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းဆုံလမ်းခွ နေရာတွေမှာ ဆိုင်းဘုတ်စိုက်ထူတာ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ပါတီ၊ Department of Law Enforcement and Public Sec urity – DLEPS) ဌာန၊ ကျန်းမာရီးဌာန၊အုပ်ချုပ်ရီးဌာန၊ မီးသတ်ဌာန၊ HDCO တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ဒီလူအသက်သေစေနိုင်တဲ့ နီပါးဗိုင်းရပ်စ်ဟာ ရခိုင်ပြည် နဲ့အိမ်နီးနား ချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်ပြန့်ပွားမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်တွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုအနေ နဲ့ နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေ ဖြစ်ပေါ်ပါကအနီးအနားမှာ ရှိနေတဲ့ ကျန်းမာရေးဌာနတွေကို ဆက်သွယ်အကြောင်းကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဒီဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လည်းတိကျစွာ လိုက်နာကြဖို့ကိုအာရက္ခကျန်းမာရေးဌာနက တိုက်တွန်းနှိုး ဆော်ထားပါတယ်။

ပုံ – အာရက္ခပြည်သူ့ကျန်းမာရေးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here