Home သတင်း စစ်ဘေးရှောင် တိုက်ပွဲပြင်းထန်နေဆဲ သံတွဲမြို့မှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးတွေ ပိုမိုခက်ခဲမှု ရှိလာနေ

တိုက်ပွဲပြင်းထန်နေဆဲ သံတွဲမြို့မှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးတွေ ပိုမိုခက်ခဲမှု ရှိလာနေ

84
0
ပုံ၊သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်။

အာရက္ခတပ်တော်အေအေ နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲမြို့နယ် အတွင်း က စစ်ဘေးရှောင် ပြည်သူတွေဟာ စားသောက်ရေးတွေ ပိုမိုအခက်အခဲအကြပ်အတည်းတွေ နဲ့ ရင်ဆိုင်လာ နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးချိန် ကြာမြင့်လာတာ နဲ့ အတူ ဒေသခံပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့ အတွက် နေ့စဉ်ဝင်ငွေ မရှိတာတွေ အပြင် ကုန်ဈေးနူန်းတွေ အဆမတန် မြင့်တက်လာနေတာကြောင့် စားဝတ်နေရေးတွေ မှာ ပိုမိုခက်ခဲမှု ရှိလာနေတာ ဖြစ်တယ်လို့ သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင် တစ်ဦးကပြောပါတယ်။

“ဒီမှာကနေဖို့ နေရာသာရှိတာ စားသောက်တာတွေကတော့ အကုန်ကိုယ့်ဘာကိုစားသောက်ရတယ်။ပါလာတာ လေးကိုစားသောက်နေတော့ အခု ပါလာတာတွေလည်း ကုန်ပြီ။အလုပ်အကိုင်ကလည်း လုပ်မရတော့ ဝင်ငွေက လည်း မရှိ။ကုန်ဈေးနူန်းတွေကလည်းတက် ဆိုတော့မဝစာလေးတွေ စားပြီးတော့ အခုနေနေကြရတယ်။ သားသမီးတွေ စားရဖို့က ပိုအရေးကြီးတယ် သူတို့တွေကိုဘဲ ဝအောင်စားပြီးတော့ ကိုယ်တွေက အဆင်ပြေ သလိုစားသောက်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့”သူကပြောပါတယ်။
ပုံ၊သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်။Coastal News Agency

သံတွဲမြို့ကို တိုက်ပွဲစတင်ဖြစ်ပွါးချိန်ကတည်းကပင် စစ်ကောင်စီဟာ သံတွဲမြို့တွင်းကို စားနပ်ရိက္ခာသယ်ယူခွင့် နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။

အဲဒီလိုတားမြစ်ကန့်သတ်ချက်တွေကြောင့် ကုန်ဈေးနူန်းတွေလည်း အဆမတန် မြင့်တက်မှုတွေ ရှိလာနေခဲ့ပြီး လက်ရှိ သံတွဲမြို့နယ် အတွင်းမှာ ဆန်တစ်အိပ်ကို ၂ သိန်းဝန်းကျင် နဲ့ ရှာဖွယ်ဝယ်ယူလို့ မရတဲ့ အနေအထား မှာ ရှိနေတယ်လို့လည်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။

“အဓိကပြသနာက ဆန်တွေ နဲ့ ဆေးဝါးကို စစ်ကောင်စီက လုံးဝသယ်ယူခွင့်မပေးတာ။ကျနော်တို့ အလှူငွေတွေ ကောက်ခံပြီး အလှူငွေနည်းနည်းရတော့ ဆန်တွေကဝယ်လို့ မရဘူး။ဂွက သွားပြီးဝယ်တော့လည်း လမ်းမှာ စစ်ကောင်စီတပ်တွေ ကအကုန်သိမ်းထားလိုက်တယ်။စစ်ဘေးရှောင်တွေကတော့ တော်တော် အခက်အခဲ ဖြစ်နေကြရတယ်လို့” သူကပြောပါတယ်။
ပုံ၊သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်။ Coastal News Agency

သံတွဲမြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေတာဟာ ၃ လကျော်ကြာမြင့်လာနေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း စစ်ရှောင်စခန်း ၁၆ ခုမှာနေထိုင်ကာ အခက်အခဲ များစွာနဲ့ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီလို အရပ်သားပြည်သူတွေ အခက်အခဲ အဆမတန် ဖြစ်ပွါးနေတာကြောင့် နိုင်ငံတကာ အဖွဲ့ အစည်းတွေ အလှူရှင်တွေ အနေ နဲ့လည်း လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ တတ်နိုင်သလောက်ကူညီ ပံ့ပိုး မှုတွေကို လုပ်ဆောင် စေချင်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက တောင်းဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here