Home သတင်း စစ်ဘေးရှောင် ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီက ရိက္ခသယ်ယူခွင့် ပိတ်ထာတာကြောင့် စားသောက်ကုန် နဲ့ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေ

ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီက ရိက္ခသယ်ယူခွင့် ပိတ်ထာတာကြောင့် စားသောက်ကုန် နဲ့ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေ

84
0

ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်တွေကို ပိတ်ပင်ထားတာကြောင့် ဒေသအတွင်းမှာ စားသောက်ကုန် နဲ့ဆေးဝါးပြတ်လပ်မှုတွေ ရှိလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းမှာ တိုက်ပွဲမဖြစ်ပွါးခင်ကတည်းကပင် စားနပ်ရိက္ခသယ်ယူခွင့် နဲ့ ဆေးဝါးသယ်ယူခွင့်တွေတားမြစ်ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် လက်ရှိဒေသအတွင်းမှာ ဆေးဝါး နဲ့ စာသောက်ကုန်တွေ ပြန်လပ်လာတာ ဖြစ်တယ်လို့ ဂွဒေသခံတစ်ဦးကပြောပါတယ်။

“အခုတိုက်ပွဲကလည်းဂွထဲကို ရောက်လာတော့ စစ်ကောင်စီက သွားလာခွင့်တွေက အစ အကုန်တင်းကြပ်ထားတယ်။စား နပ်ရိက္ခာ နဲ့ ဆေးဝါးတွေကလည်း သံတွဲတိုက်ပွဲဖြစ်ကတည်းကပင် သယ်ယူခွင့်ပိတ်ထားခဲ့တာဆိုတော့ အခုက ဂွမှာက ဆန် နဲ့ဆေးဝါးကတော့ လုံးဝဝယ်လို့ မရတော့တဲ့ အနေ အထားမှာ ရှိနေတယ်လို့”သူကပြောပါတယ်။

ဒီလိုသာ စားနပ်ရိက္ခာဝယ်ယူတာတွေ ဆက်လက်ခက်ခဲနေမယ်ဆိုရင် ဂွမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ စစ်ဘေးရှောင်တွေ အနေ နဲ့စားသောက်ရေးနဲ့ ကျန်းမာရေးတွေ အတွက် ပိုမို ခက်ခဲလာမှာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ မှာလည်း ဂွမြို့နယ်အတွင်းမှာ ရှိနေကြတဲ့ စစ်ရှောင်ဒေသခံ တချို့ဟာ အလုပ်အကိုင်းမရှိတာ ဆန်ဝယ်မရတာတွေကြောင့် ထမင်းနပ်မမှန်အောင် မစားနိုင်တဲ့ သူတွေ ရှိနေပြီးဖြစ်သလို ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငတ်ပြတ်ပြီး သေနိုင်တဲ့ အခြေအနေတွေ ကို ရောက်လာမှာဖြစ် တယ်လို့လည်း ရတနာမြိုင်(ကုလားပြင်)ကျေးရွာ အတွင်းက ဂွမြို့ကို စစ်ရှောင်လာသူ ဒေသခံ တစ်ဦးကပြောပါတယ်။.

“ကျမတို့ အိမ်ကထွက်လာတော့ နိုင်သလောက်ကိုတော့ယူလာကြတယ် အခုကတော့ မရှိတဲ့သူတွေများနေကြပြီ။နပ်မှန်အောင်ထမင်းက မစားနိုင်တော့ဘူး။ဝယ်လို့လည်း မရ ၊အပြင်ထွက်ဖို့ကလည်း ခက်ခဲ။အိမ်မှာကတော့ ဆန်တွေ ကျန်ခဲ့တယ် ဒါပေမယ့်ပြန်ယူလို့ မရဘူးဆိုတော့ တော်တော်အခက်အခဲဖြစ်တယ်။ပြီးတော့ အိမ်မှာ ကျန်ခဲ့တာတွေကိုလည်း စစ်ကောင်စီတပ်တွေက အကုန်ဖောက်ထွင်းခိုးယူနေတယ်လို့သိရတယ်။ဒီအတိုင်းဆက်သွားရင်တော့ ငတ်ပြီး အကုန်သေကုန်မှာ သေချာတယ်”လို့သူမကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ဂွမြို့နယ် ၊ကျိန္တလီမြို့အတွင်းက ကျောက်ပါးစပ်ကျေးရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွါးနောတာတွေ ရှိနေပြီး ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီကလေကြာင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here