Home သတင်း စစ်ဘေးရှောင် သံတွဲမြို့ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူစာရင်း

သံတွဲမြို့ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူစာရင်း

77
0

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သံတွဲမြို့အတွင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၂၄ ဦး နဲ့ ပျောက်ဆုံးနေသူ ၁ ဦးရှိခဲ့ကြောင်းကို Coastal News Agencyက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။

အဲဒီလို စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးထဲမှာ အသက်မပြည့်သေးသူ ကလေး နဲ့ ၅ ဦးပါဝင်သလို ထိခိုက် ဒဏ်ရာရရှိသူ ၂၄ ဦးထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၀ ဦးပါဝင်နေတာကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင်လက်ရှိမှာလည်း အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ ပျောက်ဆုံးနေတာလည်းရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here