CNA၊မြတ်သူ။
အခုလာမယ့်ဆောင်းရာသီကို ကောင်းမွန်စွာဖြတ်ကျော်နိုင်ဖို့ ရခိုင်ကစစ်ဘေးရှောင် ၆ သိန်းကျော်အတွက် အနွေးထည် နဲ့ စောင်တွေ ကူညီထောက်ပံ့ပေးဖို့လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင် စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်မှာ စစ်ဘေးရှောက် ဦးရေဟာ ၆ သိန်းကျော်အထိတိုးလာနေခဲ့ပြီး အဲဒီ စစ်ဘေးရှောင် ၆သိန်းကျော်လောက်ဟာ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းတွေ နဲ့ ဘုရားရင်ပြင်တွေက သမံတလင်းတွေမှာ တာပေါ်လင်စတွေ နဲ့ခင်းပြီးနေထိုင်နေကြရသလို အမိုး တာပေါ်လင်စ အခင်းတာပေါ်လင်စတွေ နဲ့ ခင်းပြီးတော့လည်းနေထိုင်နေကြရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဆောင်းရာသီကိုရောက်ရှိလာတော့မှာဖြစ်တာကြောင့် အဲဒီ စစ်ဘေးရှောင်တွေ အနေနဲ့ ဆောင်းရာသီအအေးဒဏ်ကို ကြံ့ကြံ့ခိုင် ဖြတ်ကျော် နိုင်ဖို့အတွက် အနွေးထည် နဲ့ ခြုံစောင်တွေ ကို ကြိုတင်စုဆောင်းပြီး လာမယ့် နိုဝင်ဘာလလောက်မှာ ဖြန့်ဝေနိုင်အောင်အတွက် လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ စာရေး ဆရာ ဝေဟင်အောင်က CNAကို ပြောပါတယ်။
“ဒီဆောင်းကို တွန်းလှန်ဖို့ အတွက် စဉ်းစားတဲ့ အခါ ပထမဆုံး အနေနဲ့ အနွေးထည်တွေ စောင်တွေ ကို အချိန်မှီပေးဖို့လိုအပ်တယ် ဒါတွေကိုသာ အချိန်မှီ မပေးနိုင်ရင် စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်။ဥပမာပြောရရင် သက်ကြီးရွယ်အိုတွေ နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေ ၊ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်မိခင်တွေက ပိုပြီးတော့ ဒုက္ခရောက်နိုင်တယ် လို့ယူဆတယ်။အဲဒါကြောင့် ဒီပြသနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့ အခါမှာ အခုလို အနွေထည်တွေစောင်တွေ ဝယ်ယူပြီး စုဆောင်းရတာ ဖြစ်တယ်။ ဖြန့်ဝေရေးကိုတော့ လာမယ့် နိုဝင်ဘာလ အလယ်လောက်မှာ ဖြန့်ဝေသွားမှာဖြစ်တယ် လို့”သူကပြောပါတယ်။
လက်ရှိ စုဆောင်းရမိထားသလောက်မှာ စောင် အထည် ၃၀၀၀ လောက်စုဆောင်းရရှိမိထားပြီးဖြစ်သလို အလှူရှင်တွေ အနေနဲ့လည်း အလွန်တရာ နည်းပါးမှု ရှိနေတဲ့ အတွက် အလှူရှင်တွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွါးလာချိန်မှာ ဒေသခံပြည်သူတွေဟာ အဝတ်တထည်ကိုယ်တခု နဲ့ အသက်လုပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးလာခဲ့ကြရတာကြောင့် ဘာမှပါမလာတဲ့ အတွက် အခုရောက် လာမယ့်ဆောင်ရာသီကို ဖြတ်ကျော်နိုင်ဖို့ အတွက် အနွေးထည်၊စောင် ၊စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေဟာအရေးပေါ်လိုအပ်တဲ့ အခန်းကဏ္ဍာမှာဖြစ်နေကြရတာလည်းဖြစ်ပါတယ်။
သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်တစ်ဦးပြောတာ“အခုလိုအနွေးထည်တို့စောင်တို့ လှူပေးမယ်ဆိုတော့ တကယ်ဝမ်းသာမိတယ် အခုတောင် အအေးကဝင်နေပြီး အိမ်ကထွက်ပြေးတာတော့လည်း ဘာမှပါမလာကြဘူး အဝတ်တထည်ကိုယ်တခု နဲ့ထွက်လာကြတာ။အခုနေတော့လည်း ဖြစ်သလိုနေနေကြရတာ ကျမတို့ဆိုရင် လူငယ်ပိုင်းတွေဖြစ်နေလို့တော်သေးတယ် လူကြီးပိုင်းတွေဆိုရင်တော်တော် ခက်ခဲမယ်ဆောင်းတွင်းမှာလို့”သူကပြောပါတယ်။
ရခိုင်ဟာ အရင်တုန်းက NGO၊INGO တွေ အများဆုံး အလုပ်လုပ်တဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိ တိုက်ပွဲစတင်ချိန်မှာတော့ NGO၊INGO တွေရဲ့ အလုပ်လုပ်တဲ့ အခန်းကဏ္ဍာတွေပျောက်ဆုံးသွားခဲ့ရသလို အကြောင်းအမျိုးမျိုးပြကာ ရခိုင်က ထွက်ခွါသွားတဲ့ အဖွဲ့အစည်းတွေရှိသလို စစ်ကောင်စီ ရဲ့ သွားလာခွင့်တွေ ကို ကန့်သတ်တားမြစ်ထားတာကြောင့် ထွက်သွားရတဲ့ အဖွဲ့ အစည်းတွေလည်း များစွာရှိခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိ ခံစားနေကြရတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်လူမျိုးတွေ ဖြစ်နေတာကြောင့် မိမိတို့ အနေ နဲ့ မျက်နှာလွဲနေထိုင်လို့မရပဲ အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံးဖြစ်အောင်ကူညီထောက်ပံ့ရေးတွေကို လုပ်ဆောင်ပေးဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ သူတွေက ပြောဆိုကြပါတယ်။