CNA၊ဖီးနစ်။
တောင်ကုတ်မြိုကိုင်းရှည်တံတားမှာ နေ့စဥ်သန့်ရှင်းရေးလုပ်ဆောင်နေတဲ့ ဦးစိုးမြင့်ကို စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့မနက်မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို ဒေသခံ ပြည်သူတွေက ပြောပါတယ်။
အဲဒီဦးစိုးမြင့်ဟာ ၂၀၁၉ ခုနှစ်ကတည်းကပင် အဲဒီကိုင်းရှည်တံတားပေါ်မှာ နေ့စဥ်ရက်ဆက် တစ်ရက်မပျက်ပဲ အမှိက်များကို သိမ်းဆည်းပေးနေသူဖြစ်ပြီးမနေ့က သန့်ရှင်းရေးလုပ်ဖိုအသွား ကိုင်းရှည်တံတားထိပ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရတာဖြစ်တယ်လို ဒေသခံတစ်ဦးကပြောပါတယ်။
“စည်ပင်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲတွေက ဖမ်းပြီးတော့ ပစ် သတ်လိုက်တာပါ။သူကမနေ့က အဲဒီမှာသန့်ရှင်းရေးသွားလုပ်တာမှာ ဖမ်းပြီး သတ်ပစ်လိုက်တာ။သူကဘာပဲ ဖြစ်နေဖြစ်နေ အဲဒီနေရာမှာ တစ်ရက်မပျက်သန့်ရှင်းရေး သွားလုပ်တာ အဲဒီမှာစစ်ကောင်စီတပ်တွေက သူဆိုတာကိုလည်းသိသိ နဲ့ ပစ်သတ်လိုက်တာဖြစ်တယ်။ကျနော်တို တကယ်စိတ်မကောင်းဘူးလို”သူကပြောပါတယ်။
ဦးစိုးမြင့်ဟာ အသက် ၇၀ အရွယ်ရှိနေသူတစ်ဦးဖြစ်ပြီး သူဟာတောင်ကုတ်မြိုနယ် ကံပိုင်ရပ်ကွက်မှာ နေထိုင်နေတာလည်းဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီးနောက်မှာ ဦးစိုးမြင့်ရဲ့ အလောင်းကို ကိုင်းရှည်တံတားအဆင်းဘေးလမ်းမှာစွန့်ပစ်ထားပြီး အလောင်းကို ကောက်ယူခွင့်မရ သေးဘူးလိုလည်း တောင်ကုတ်ဒေသခံ တစ်ဦးကပြောပါတယ်။
“အခု စစ်ကာင်စီတပ်တွေက မြိုထဲကပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘူး။အပြင်ထွက်တဲ့သူကိုလည်းသေနတ် နဲ့ လိုက်ပြီးတော့ ပစ်တယ်။ဦးစိုးမြင့် အလောင်းကတော့ တံတားဘေးမှာပစ်ခံထားရတယ်။ကောက်လိုလည်းမရ ဘူးဘယ်သူမှလည်းမသွားရဲဘူး။စစ်ကောင်စီတပ်တွေ ကအဲဒီနားမှာရှိတယ်လို”သူကပြောပါတယ်။
တောင်ကုတ်မြိုနယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ပန့းမြောက်တောင် နဲ့ အာလိန်ငါးဆင့်မှာရှိတဲ့ ခံစစ်တပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက်အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေဟာ တောင်ကုတ်မြိုပေါ်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.