
CNA၊မြတ်သူ။
ဘူးသီးတောင်မြိုနယ် အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ဖျက်ဆီးသူ အများစုဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်တွေ နဲ့ ARSA၊ RSO၊ ARA နဲ့ ဆက်စပ်နေကြသောသူတွေ ဖြစ်တယ်လို အာရက္ခတပ်တော်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “ရာချီသော သူခိုးတွေ နဲ့ ခိုးရာပါပစ္စည်းလက်ခံထားသူ တွေကိတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားနည်းလမ်းကျကျဘဖမ်းဆီးစစ်ဆေးပြီး နောက် အပြစ်ပေး အရေးယူတာတွေကို ဆောင်ရွက်ထားသလို အဲဒီလို ဖမ်းဆီးအပြစ်ပေးထားတဲ့ သူခိုးအများစုဟာလည်း ဘူးသီးတောင်မြိုက အကြမ်းဖက်စစ်သင်တန်းဆင်း မွတ်ဆလင်တွေ ဖြစ်သလို မီးရှိဖျက်ဆီးကြတဲ့သူတွေဟာလည်း ARSA၊ RSO၊ ARA နဲ့ဆက်စပ်နေကြသူတွေဖြစ်တယ်လို”ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြိုကို ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ ကတည်းကပင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်း ဘူးသီးတောင်မြိုပေါ်မှာ ရှိတဲ့ ရပ်ကွက်က လူနေအိမ်၊ တိုက်တာ အဆောက်အအုံတွေကိုတမင်တကာ ရည်ရွယ်ချက် ရှိရှိ နဲ့ မီးရှိဖျက်ဆီးတာတွေ နဲ့ ခိုးယူမှုရှိတာတွေကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေး တပ်ဖွဲဝင်တွေက ထွက်ဆိုချက်များအပေါ် အခြေခံ၍တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူဆောင်ရွက်တာတွေလည်း ရှိနေတယ်လိုဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသရဲ့ မြိုသိမ်းတိုက်ပွဲကာလ ၊မြိုသိမ်း တိုက်ပွဲများမစတင်ခင် နဲ့ မြိုကိုသိမ်းယူပြီးနောက်မှာ မြိုတွင်းမှာ ရှိနေတဲ့ သူခိုးတွေဟာ စစ်ပွဲများကြောင့် ဖြစ်ပေါ်နေတဲ့အခွင့်အရေး နဲ့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေး အစီအမံတွေကို ကောင်းမွန်စွာ မချထားနိုင်သေးတဲ့ အခိုက်အတန့်တွေကြား နဲ့ ဟာကွက်တွေကြား ဖြစ်ပေါ် နေတဲ့ အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်ပြီးတော့ လူမျိုးပေါင်းစုံရဲ့ လူနေအိမ်တွေကို လွယ်ကူစွာ သယ်ယူ/ဖြုတ်ယူပြီး ရရှိနိုင်တဲ့ ပစ္စည်းတွေကို လစ်လျှင်လစ်သလိုခိုးယူတာ ဖျက်ဆီးသွားတာတွေကို တွေ့ခဲ့ရတယ်ဆို ထုတ်ပြန်ချက်က ဆိုပါတယ်။



ဒါ့အပြင် အာရက္ခဒေသ စစ်ပွဲကာလအတွင်းမှာ ဘူးသီးတောင်မြိုပေါ်ရှိ လူမျိုးပေါင်းစုံနေအိမ်တွေက ခိုးယူသွားခြင်းခံထားရတဲ့ ပိုင်ရှင်အစစ်အမှန် တွေရဲ့ တိုင်တန်းချက်တွေအရ ဘူးသီးတောင်မြို လုံခြုံရေးတပ်ဖွဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကိုလည်းမူလပိုင်ရှင် ၃၁ ဦးရဲ့ လက်ထဲကို တရားဝင်အခမ်းအနား နဲ့ နိုဝင်ဘာလ (၃၀) နေ့မှာ ဘူးသီးတောင်မြိုရှိတစ်နေရာမှာ ပစ္စည်းများကို ပထမအကြိမ်အနေ နဲ့ ကောင်းမွန်စွာအပ်နှံထားခဲ့တယ် လို ဆိုပါတယ်။
တဖက်မှာလည်း တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးဌာနကသိမ်းဆည်းရမိထားတဲ့ ပိုင်ရှင်မဲ့ပစ္စည်းတွေကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး တော့ ပြည်သူတွေရဲ့လက်ရှိစားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို အတွက် အခုလို တရားဝင်အခမ်းအနား နဲ့ ကျင်းပကာပြည် သူလူထုဆီကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်တယ်လိုလည်း ဆိုထားပါတယ်။
မိမိတိုလက်ထဲမှာ ကျန်ရှိနေသေးတဲ့ တခြားသော ပစ္စည်းတွေကိုလည်းပိုင်ရှင်အစစ်အမှန်တွေရဲ့ လက်ထဲသို ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိ တဲ့ အခြေအနေ နဲ့ နေ့ရက်တွေမှာ ဆက်လက်အပ်နှံသွားမယ်လို လည်းဆိုထားပါတယ်။



ဒါ့အပြင် ဘူးသီးတောင်မြိုက ကာယကံရှင်ပိုင်ရှင်တွေကလက်ရှိရာသီဥတု၊ ကျန်းမာရေး၊ အထွေထွေအခက်အခဲ၊ အကျပ်အတည်းလိုအပ်ချက်များတွေ ကို ဖြေရှင်းပေးဖို မိမိတိုအုပ်ချုပ်ရေးအဖွဲများထံ တင်ပြတောင်းဆိုလာမှုတွေ ရှိလာတာကြောင့်တိုက်ပွဲတွေ အတွင်းမှာ မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်ရှိနေခဲ့တဲ့ ရှိရင်းစွဲပစ္စည်းများ၊ တိုက်ပွဲများအတွင်း ပျက်စီးသွားခြင်းက ကာကွယ်ဖို အတွက် အာရက္ခ စစ်သည်တော်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်တွေက လုံခြုံတဲ့နေရာတွေကိုရွေ့ပြောင်းထားနိုင်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ၎င်းတိုပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်အား အကန့်အသတ်နဲ့ ခွင့်ပြုပေးတာတွေကို လုပ်ဆောင်ပေးတာတွေလည်း ရှိနေတယ်လို ဆိုထားပါတယ်။


