Home သတင်း စစ်ဘေးရှောင် ပလက်ဝကစစ်ရှောင်ကျေးရွာ၂၀ ကျော်ကို အာရက္ခတပ်တော်က ပြန်လည်နေရာချပေး

ပလက်ဝကစစ်ရှောင်ကျေးရွာ၂၀ ကျော်ကို အာရက္ခတပ်တော်က ပြန်လည်နေရာချပေး

56
0
ပုံ - PLW

CNA ၊လင်းလင်း။

တိုက်ပွဲအတွင်းက ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပလက်ဝဒေသက ကျေးရွာ ၂၀ ကျော်က စစ်ဘေးရှောင်ပြည်သူတွေကို အာရက္ခတပ်တော် မိမိတို့ နေရပ်မှာ ဝင်ရောက်နေထိုင်နိုင်ဖို့ အတွက် ပြန်လည်နေရာချထားပေးတာတွေကို အာရက္ခတပ်တော်က စီစဉ်ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို နေရပ်ပြန်ဝင်ခွင့် ရနိုင်ဖို့ အတွက် အာရက္ခတပ်တော် က ဆောင်ရွက်ပေးနေတဲ့ ကျေးရွာတွေမှာ ပလက်ဝဒေသက အဘောင်သားကျေးရွာအပါအဝင် စိမ်းညှင်းဝ၊ လေလှ၊ နှမဒါ၊ ရီးမဝ၊ ငပွီ၊ သူဌေးကုန်း၊ ကြက်ဥဝကျေးရွာ၊ သရက်တောင်၊ နှမ်းချောင်းထဲ၊ နန်းချောင်းဝ၊ တွီကင်းဝ၊ သာယာကိုင်း၊ ကေသရွာကျေးရွာ၊ ရုပ်ဝ၊ မီးလက်ဝ၊ စိမ်းစင်း၊ တရွန်အိုင်၊ နူးဘူး၊ သကာ‌ချောင်းကျေးရွာ နဲ့ ပလက်ချောင်းဝကျေးရွာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေထဲက ကျေးရွာတချို့မှာတော့ ၂၀၁၉ ခုနှစ် စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းက ထွက်ပြေးလာနေကြရတဲ့ ကျေးရွာတွေ ပါကြပြီး အဲဒီကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေ ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် နေအိမ်တွေ မရှိတော့တဲ့ အတွက် နေအိမ်တွေ အသစ်ဆောက်လုပ်နိုင်ရေး အတွက်ကိုလည်း အာရက္ခတပ်တော်က ကူညီဆောင်ရွက်ပေးနေတာတွေ ရှိနေတယ်လို့ အဘောင်သားကျေးရွာက ဒေသခံ တစ်ဦးကပြောပါတယ်။

“ကျမတို့ရွာက ၂၀၁၉ ခုနှစ်လောက်ကတည်းကပင် ရွာကထွက်သွားခဲ့ရတာ ရွာမှာက အိမ်တွေလည်းမရှိတော့ဘူး။ကိုယ့်အိမ်ခြံနေရာတောင်ကိုယ် သေသေချာချာ ပြန်ကြည့်ရတဲ့ အနေအထား။အိမ်တွေက စစ်ကောင်စီတပ်တွေ မီးရှို့ထားခဲ့တဲ့ အထဲမှာ ပါသွားတာပေါ့။အခု ဒီ အေအေ တပ်ကတော့ လူတွေ နေထိုင်လို့ရအောင် ကူညီပေးနေတာတွေ ရှိတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် နေရပ်ပြန်လည်ဝင်ရောက်တဲ့ပြည်သူတွေကို အာရက္ခတပ်တော်ရဲ့ က စားနပ်ရိက္ခ နဲ့ ငွေသား ၅ သိန်းစီထောက်ပံပေးတာတွေ ရှိသလို့ အာရက္ခတပ်တော် ရဲ့ လူသားချင်းစာနာထောက် ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)ကလည်း စားနပ်ရိက္ခထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကိုယ့်ရပ်ရွာကို ပြန်လာရတော့ပျော်တယ် ဒါပေမယ့် ကိုယ့်အိမ်တွေ မရှိတာမြင်ရတော့လည်း ဝမ်းနည်းတယ်။ဘာပဲ ဖြစ်ဖြစ် ပြန်လည်ထူထောင်ကြရမှာပေါ့ ။ အာရက္ခတပ်တော်က ငွေငါးသိန်း ပြီးတော့ စာနပ်ရိက္ခထောက်ပံ့ပေးထားတာတွေ ရှိတယ်။ပြီးတော့ HDCO ကလည်း ဆန်တွေ ထောက်ပံ့ပေးတာတွေ ရှိတယ်”လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြည်သူတွေ အနေ နဲ့ အခုလို မိမိနေရပ်ကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ရတဲ့ အပေါ်မှာ အထူးဝမ်းသာရသလို အာရက္ခတပ်တော်ကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြည်သူတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသ တစ်ခုလုံးကို ရခိုင်တကျော့ပြန် ဖြစ်ပွါးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပထမဆုံး အနေ နဲ့ စစ်ကောင်စီလက်ကနေ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တဲ့မြို့တစ်ခုလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here