CNA၊မြတ်သူ။
သံတွဲမြို့က နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော် လောက်ဟာ စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အဲဒီလို နေရပ်ပြန်ခွင့် မရသေးတဲ့ စစ်ဘေးရှောင်တွေဟာ ကမ်းခြေဒေသ မှာနေထိုင်ကြတဲ့ ဒေသခံတွေဖြစ်ပြီးတော့ ဒေသလုံခြုံရေး စိုးရိမ်ရတဲ့ အနေ အထားမှာရှိနေသေးတာကြောင့် အာရက္ခတပ်တော်က နေရပ်ပြန်ခွင့်မပေးတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေ တစ်ဦးကပြောပါတယ်။
“အခုက အဲဒီနေရာတွေကို မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်။စစ်ဘေးရှောင်ကတော့ ၂ သောင်းကျော်လောက်ရှိတယ်ပေါ့။နောက်တစ်ခုက ကမ်း ခြေနေရာတွေဖြစ်တော့ စစ်ကောင်စီရေတပ် နေဗီရန်တွေကလည်းစိုးရိမ်ရသေးတာကြောင့် မပြန်ရသေးတာဖြစ်တယ်”လို့ သူကပြောပါတယ်။
သံတွဲမြို့ ၊ငပလီမြို့တွေက ဒေသခံတွေဟာ အဓိက ဟိုတယ်လုပ်ငန်း၊ရေ လုပ်ငန်း နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ငါးဖမ်းလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်းတွေကလည်း ရပ်နားထားရတာကြောင့် နေရပ်ပြန်ခွင့်ရတဲ့ ဒေသခံပြည်သူ အများအပြားဟာ စားဝတ်နေရေးအတွက်အခက်အခဲတွေ နဲ့ ရင်ဆိုင် နေရတယ်လို့ နောက်ထပ် သံတွဲမြို့ခံ တစ်ဦးက ပြောပါတယ်။
“အဓိက ကျနော်တို့မြို့က ဟိုတယ်လုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ရေလုပ် ငန်းတွေ နဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ ဒေသဖြစ်တယ်။အခုက ဟိုတယ် နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက လုံးဝမလုပ်ရဘူး။ငါးဖမ်းတာကလည်း ကမ်းနီးပဲရတယ် အဝေးသွားမရဘူး စစ်ကောင်စီနေဗီတွေရှိနေတယ်။စားဝတ်နေရေး ကတော့ အကုန်လုံးခက်ခဲနေကြတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။
သံတွဲမြို့နယ်ကို အာရက္ခတပ်တော်ဟာက စစ်ကောင်စီလက်ထဲကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
ပုံ – CJ





Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.com/register-person?ref=IHJUI7TF
**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.