CNA ၊မြတ်သူ။
ကျောက်ဖြူမြို့အတွင်းက တိုက်ပွဲအခြေအနေတွေ ကြောင့်နေရပ်စွန့်ခွါပြီးတော့ စစ်ဘေးရှောင် ဘဝ နဲ့နေထိုင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ အမိုးအကာမရှိဘဲ တောတောင်တွေ ကြားမှာ တာပေါ်လင်စ ခင်းကာ အိပ်နေကြရတယ်လို့ စစ်ဘေးရှောင် အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတည်းကပင် ကျောက်ဖြူမြို့နယ်အတွင်းက ဇိုင်ချောင်း နဲ့ သစ်ပုတ်တောင် လမ်းဆုံအနီးမှာ စတင်တိုက်ပွဲဖြစ်ပွါးခဲ့ကြတာ ဖြစ်ပြီးတော့ လက်ရှိတိုက်ပွဲကာလဟာ ၁လကျော်ထိကြာမြင့်လာနေပြီး ဖြစ်သလို ဒေသအတွင်းမှာလည်း စစ်ဘေးရှောင်ပြည်သူဟာ ၄၀၀၀၀ ကျော်အထိ ရှိလာနေပြီးဖြစ်တယ်လို့ ဒေသအတွင်းက စစ်ဘေးရှောင် အရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“အခုတိုက်ပွဲ ဖြစ်တာ တစ်လကျော်ရှိနေပြီပေါ့ ။ဒုက္ခသည်တွေကလည်း လျှော့သွားတယ်လို့ မရှိဘူး တိုးလာတယ်လို့ ပဲရှိတယ်။ စစ်ဘေးရှောင်တွေ ကို ကျနော်တို့ တော်တော် သနားတယ် အမိုးအကာမရှိဘူး တောတွေ ကွင်းပြင်က နွားတဲတွေ သစ်ပင်အောက်တွေမှာ တာပေါ်လင်စခင်းပြီးတော့ အိပ်နေကြရတယ်။ကျနော်တို့ ရှိတဲ့ ပုံတွေကို လိုင်းပေါ်မှာချပြလိုက်ချင်တယ် စစ်ဘေးရှောင်တွေ ဘယ်လောက်ရင်ကွဲဖို့ ကောင်းလဲဆိုတာကို ။တပ်တော်က လုံခြုံရေး အရ မတင်ရဘူးလို့ ပြောထားလို့ ကျနော်တို့ ချမပြတာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ကျောက်ဖြူမြို့နယ်အတွင်းမှာ မိုးရွာသွန်းတာတွေရှိခဲ့ပြီး အဲဒီလို မိုးရွာသွန်းတဲ့ နေ့တွေမှာဆိုရင်စစ်ဘေးရှောင်တွေဟာ နေစရာ၊အိပ်စရာ၊ချက်ပြုတ်စားသောက်စရာနေရာမရှိဘဲ ပိုပြီးတော့အခက်အခဲတွေ နဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေကပြောပါတယ်။
အဲဒါကြောင့် ဒေသအတွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေစေနိုင်ဖို့ အတွက် ထောက်ပံ့ပေးအပ်မှုတွေကို ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပြီးတော့ အနယ်နယ်အရပ်ရပ်မှာ ရှိနေကြတဲ့ ပြည်သူတွေ အနေ နဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေ အတွက် တတ်နိုင်သလောက် ကူညီထောက်ပံ့တာတွေကို လုပ်ဆောင်ပေးဖို့ တောင်းဆိုတယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
“အဓိကတော့ ဒေသတွင်းကို ကူညီထောက်ပံ့မှု မရောက်နိုင်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ပိုခက်ခဲစေတာပေါ့နော်။ကျနော့်အနေ နဲ့ ပြောရရင်တော့ အနယ်နယ်အရပ်ရပ်ကို ရောက်နေကြတဲ့ ရခိုင်ပြည်သူတွေ အနေ နဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးပါလို့ တောင်းဆိုချင်တယ်။ကျနော်တို့ မှာ ကျနော်တို့ပဲ ရှိတာကြောင့် တစ်ယောက်ကို တစ်ယောက် ကူညီပေးပါလို့ပဲ ပြောချင်တယ်။သူများတွေလို ကျနော်တို့မှာက ပေးကမ်းလှူးဒါန်းမဲ့သူလည်း မရှိတော့ ကိုယ့်အချင်းချင်းပဲ ကူညီကြပါလို့တိုက်တွန်းချင်တယ်”လို့ သူကတောင်းဆိုပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးသင့်ကာလ အတွင်း ဧပြီလ ၂ ရက်နေ့ကပင် ၃၀ ရက်နေ့ အထိ အပစ်ရပ်ကြောင်းကြေညာချက်ထုတ်ပြန်ထားပေမယ့် ဒီနေ့ အချိန်ထိ ကျောက်ဖြူမှာစစ်ကောင်စီ ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်တိုက်ပွဲ ဖြစ်ပွါးတာတွေ ရှိနေပြီးတော့ စစ်ရှောင်ပြည်သူတွေဟာလည်း နေ့စဉ် တိုးလာနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။





Your article helped me a lot, is there any more related content? Thanks!
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.