Home သတင်း စစ်ဘေးရှောင် မြောက်ဦး နဲ့ ကျောက်တော်မှာ ရှိတဲ့ စစ်ဘေးရှောင် စခန်း ၂ ခုက အိမ်ထောင်စု ၄၉ စုကို HDCO...

မြောက်ဦး နဲ့ ကျောက်တော်မှာ ရှိတဲ့ စစ်ဘေးရှောင် စခန်း ၂ ခုက အိမ်ထောင်စု ၄၉ စုကို HDCO ကပြန်လည်နေရာချထားပေး

20
0

မြောက်ဦး နဲ့ ကျောက်တော်မှာ ရှိတဲ့ စစ်ဘေးရှောင် စခန်း ၂ ခုကအိမ်ထောင်စု ၄၉ စုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ဦးဆောင်ကာပြန်လည်နေရာချထားပေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ HDCO က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလို ပြန်လည်နေရာချထားပေးခဲ့တဲ့ စစ်ရှောင်စခန်းတွေကတော့ မြောက်ဦးမြိုနယ် ဂါရာတောင်စခန်းက အိမ်ထောင်စု (၁၈) စု နဲ့ ကျောက်တော်မြိုနယ် ညောင်ချောင်းစခန်းက အိမ်ထောင်စု (၃၁) စုတို့ဖြစ်ကြ ပြီးတော့ အဲဒီ စစ်ဘေးရှောင်ပြည်သူတွေကို ဧပြီလ (၂၃) ရက်နေ့မှာ ပြန်လည်နေရာချထားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီဒေသခံ ပြည်သူတွေကို ပြန်လည်နေရာချထားပေးဖို့ အတွက်ကို HDCO နဲ့ အတူ လူမှုအဖွဲ့အစည်း (၂၂) ဖွဲ့တို့က စစ်ရှောင်တွေ အနေ နဲ့ မိမိနေရပ်ကျေးရွာကို ပြန်နိုင်ရေးအတွက်ဆိုတဲ့ စီမံချက်တရပ်အဖြစ် နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင် နေရပ်ကို ပြန်တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိုးခွက်၊ ပန်းကန်၊ စောင်၊ အဝတ်အထည်၊ တကိုယ်ရည်သုံးပစ္စည်းများ၊ တာပေါ်လင်စ တွေ နဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့ တွေ အပါ အဝင် အခြေခံစားသောက်ကုန်တွေကို ကူညီထောက်ပံ့ပေးတာလုပ်ဆောင်ခဲ့သလို အိမ်ထောင်စုတစ်စုစီကို ကျပ်ငွေ ၆၈၀,၀၀၀ ကျပ်နှုန်း နဲ့လည်း ငွေကြေးအထောက်အပံ့ပေးခဲ့တာရှိပြီးတော့ နယ်ဝေးကို ပြန်ရမယ့်မိသားစုတစ်စုချင်းစီအတွက်ကိုလည်း ထပ်ဆောင်း ကျပ်ငွေ ၂၅၀,၀၀၀ စီထပ်မံ ထောက်ပံ့ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီလို နေရပ်ကို ပြန်သွားကြတဲ့ စစ်ဘေးရှောင်မိသားစုတွေ နေရပ်အတွင်းကို အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ရောက်ရှိ နိုင်ဖို့ အတွက် အာရက္ခပြည်သူ့အစိုးရအဖွဲ့ ရဲ့ DLEPS၊ HDCO နဲ့ အခြားသက်ဆိုင်ရာဌာနတွေက ပူးပေါင်းပြီးတော့ လုံခြုံရေးအစီအမံတွေ နဲ့ ချမှတ်ကာ ကားတွေ နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here