Home သတင်း စစ်ဘေးရှောင် သံတွဲက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော် ရေရှားပါးမှုဒဏ်ခံစားနေကြရ

သံတွဲက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော် ရေရှားပါးမှုဒဏ်ခံစားနေကြရ

24
0

CNA၊ လင်းလင်း။

သံတွဲမြို့နယ် အတွင်းက ကျေးရွာ ၆ ရွာမှာ ရှိတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်လောက်ဟာ ရေရှားပါးမှု ဒဏ်ကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ အဲဒီရေရှားပါးမှု ဒဏ်ကို ခံစားနေကြရတဲ့ ကျေးရွာ ၆ ရွာကို ဒေသခံ လူမှုအဖွဲ့အစည်းရေးက ရေလှူဒါန်းပေးတာ ရေတွင်းတူးဖော်ပေးတာ နဲ့ ရေ လှောင်ကန်တွေ တူးဖော်ပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ သံတွဲမြို့ဒေသခံ ကိုသက်လွှင်ဖြိုးက ပြောပါတယ်။

” ကျေးရွာ ၆ ရွာပေါ့ အခုရေရှားနေတာကတော့ နှစ်စဥ်နှစ်တိုင်းလိုလိုတော့ရှားပါတယ်။ အခုရေလှူဒါန်းပေးတာ၊ရေတွင်း ရေကန် တူးဖော်ပေးတာတွေကို ကျနော်တို့ လုပ်ဆောင်ပေးနေတယ်။ရွာနာမည်တွေကိုတော့ လေကြောင်း ရန်အခြေအနေ အရ ပြောမရဘူး။အလှူရှင်တွေလည်း လိုအပ်နေတယ်”လို့ သူကပြောပါတယ်။

အခုလို စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာမှာ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရတဲ့ အတွက် ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အလှူရှင်တွေ အနေ နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရေရရှိရေးအတွက် အလှူငွေ အကူအညီတွေ ပေးဖို့လည်း လိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။

ရခိုင်ဒေသတစ်ခုလုံးမှာ အရင်အထက်ထက် အစိုးရ လက်ထက်ကပင် နွေရာ သီရောက်တိုင်း နှစ်စဥ်ရေရှားပါးမှုဒဏ်ကို ပြည်သူတွေ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိအုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်အကောင် အထည် ဖော်လုပ်ဆောင်နေပြီဖြစ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ နောက်နှစ်တွေ မှာ ပြည်သူတွေ ရေရှားမှုဒဏ်ကို မခံစားရအောင် ကြိုတင်စီ မံကာ လုပ်ဆောင်ပေးမှုတွေကို ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်း ဒေသခံတွေက တောင်းဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here