CNA၊ မြတ်သူ။
လက်ရှိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူက နေရပ်စွန့်ခွာ ထွ က်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် လွတ်မြောက်နယ်မြေတွေက နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်တွေ အမိုးအကာရရှိနိုင်ရေး အတွက် အရေးတကြီးလိုအပ်နေတယ်လို့ စစ်လေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ နှစ်ဖက်တိုက်ပွဲတွေ နေ့စဥ်ရှိနေတဲ့ ကျောက်ဖြူမြို့နယ် အတွင်းမှာလည်း စစ်ဘေးရှောင် ဦးရေဟာ လေးသောင်းကျော်အထိ ရှိလာနေပြီးတော့ နောက်ထပ်စစ်ရှောင်တွေဟာလည်း နေ့စဥ် နဲ့ အမျှရှိလာနေတာကြောင့် နေရာ ထိုင်ခင်းအတွက် အရေးပေါ်အမိုးအကာတွေ လိုအပ်လာနေတယ်လို့ ကျောက် ဖြူမြို့နယ် အတွင်းက စစ်လေးရှောင်အရေး ကူညီနေသူ တစ်ဦးကပြောပါတယ်။
“လက်ရှိကတော့ စစ်ရှောင်လေးသောင်းကျော်ထိရှိတယ်။ကျနော်တို့လည်း ရတဲ့ အလှူငွေတွေ နဲ့ နေအိမ်လေးတွေ ဆောက်ပေးနေတာတွေ ရှိတယ်။တချို့ အဖွဲ့အစည်းတွေကလည်း လာပြီးတော့ လှူပေးတာတွေလည်းရှိတယ်။ဒါပေမယ့် မလုံလောက်သေးဘူး။ဖြစ်သလို တောတောင်တွေကြားမှာ တဲထိုးပြီးတော့ နေတဲ့ သူတွေ အများအပြားရှိနေသေးတယ်။စစ်ရှောင်တွေကလည်း နေ့တိုင်းလိုလိုတိုးလာနေတယ်”လို့သူကပြောပါတယ်။
အဲဒါကြောင့် ဒီစစ်ဘေးရှောင်ပြည်သူတွေ မိုးတွင်းကာလ မရောက်ခင်မှာ အ မိုးအကာအကာ အောက်ကို ရောက်ရှိနိုင်ရေး အတွက် အရေးတကြီးလိုအပ် နေတာကြောင့် ပြည်တွင်းပြည်ပရောက်နေကြတဲ့ အလှူရှင်တွေ အနေ နဲ့ လှူဒါ န်းမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း သူကတောင်းဆိုပါတယ်။
အဲဒီလိုပဲ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်တဲ့ မြို့နယ်တွေက နေရပ်ပြန်ဝင်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်းသူတွေဟာလည်း တောတောင်တွေ နဲ့ လယ်ကွင်း ၊လမ်းမဘေးတွေမှာ တာပေါ်လင်စတွေ နဲ့ ဖြစ်သလိုတဲထိုးနေထိုင်နေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် နေရပ်ပြန်ဝင်ခွင့် မရသေးတဲ့ စစ်ရှောင်တွေ အနေ နဲ့လည်း မိုး တွင်းကာလ မကျရောက်ခင်မှာ အမိုးအကာ ရရှိရေးအတွက်ကို အရေးတ ကြီးလိုအပ်နေတာ ဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူ တစ်ဦးကပြောပါတယ်။
“ကိုယ့်ဘာကိုလုပ်ဖို့ကလည်း ဝင်ငွေကမရှိ ။ ဓနိတွေကလည်းစျေးကြီးတော့ ကိုယ့်ဘာကိုလည်း မလုပ်နိုင်။ဒီအတိုင်းဆိုရင် မိုးရာသီမှာ ကလေးတွေ နဲ့ နေထိုင်ရေး ချက်ပြုတ်စားသောက်ရေး တွေက တော်တော် ခက်ခဲမှာ သေချာတယ်။ အဲဒါကြောင့် မိုးရာသီမရောက်ခင်မှာ ကျမတို့ကိုအမိုးအကာလေးတွေ လှူဒါန်းပေးကြဖို့ အကူအညီပေးကြပါလို့ တောင်းဆိုချင်တယ်”လို့ သူကပြော ပါတယ်။
အဲဒါကြောင့် လက်ရှိနေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အာရက္ခတပ်တော် အနေ နဲ့ မိုးရာသီမရောက်ခင်မှာစစ်ဘေးရှောင်ပြည်သူတွေ အနေ နဲ့နဲ့ အမိုးအကာအောက် ရောက်ရှိရေးအတွက်ကို ဦးစားပေး ဆောင်ရွ က်ပေးစေချင်တယ်လို့ စစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ လက်ရှိမှာရခိုင်ပြည် ၁၇ မြို့နယ် အထဲက ၁၄ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သလို သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင် ကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်က ပြောဆိုထားပါတယ်။