Home သတင်း စစ်ဘေးရှောင် ယာယီအပစ်ရပ်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်နေတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုအပစ်ရပ်စဲမှုကို အလေးထားဖို့ ပြောဆို

ယာယီအပစ်ရပ်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်နေတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုအပစ်ရပ်စဲမှုကို အလေးထားဖို့ ပြောဆို

97
3
ပုံ - ရသေ့တောင်မြို့ ထွန်းရဝေကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်း။

ယာယီအပစ်ရပ်ထုတ်ပြန်ချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ လက်လွတ်ထားရတဲ့ တပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အမိန့်ပေးနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယီအပစ်အခတ်ရပ်စဲထားတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေ နဲ့ အလေးထားလိုက်နာဖို့ကို တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

အဲဒီပြောဆိုမှုကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် အနေ နဲ့ မနေ့က မေ ၂၉ရက် နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ငလျင်‌ဘေးဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်ကြတဲ့ ညီနောင်မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက်ဆိုပြီးတော့ ပထမအကြိမ် အနေ နဲ့ ဧပြီလ ၁ ရက်နေ့ကပင် ဧပြီလ ၃၀ ရက်နေ့အထိ ပထမအကြိမ် ယာယီအပစ်ရပ်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေ မပြီးသေးတဲ့အတွက် မေလ တစ်လ တာကိုလည်း ထပ်မံ အပစ်ရပ်ကြောင်းကို ထုတ်ပြန်ထားခဲ့ပါတယ်။

စစ်ကောင်စီကလည်း ညီနောက်မဟာမိတ် ၃ ဖွဲ့အပစ်ရပ်ကြောင်းထုတ်ပြန်ချက်တွေ နဲ့ နည်းတူ အပစ်ရပ်ကြောင်းထုတ်ပြန်ကြေညာပြီးတဲ့ နောက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ထိုးစစ်ဆင်တိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ကာ အပစ်ရပ်ကြေညာချက်တွေကို အကြိမ်ကြိမ်ချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာရှိခဲ့ပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြေညာထားတဲ့ အချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို မေလ ၁၃ရက်မှာလေကြောင်းဗုံးကြဲခဲ့တာကြောင့် ဒေသခံ အရပ်သား ပြည်သူ (၁၃)ဦး အစုအပြုံလိုက် သေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရသူဟာလည်း လူဦးရေ ၃၀ ကျော်ရှိခဲ့ပါတယ်။

အဲဒီလိုပဲ မေလ ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျောင်းသူ၊ကျောင်းသား နဲ့ ဆရာ/ဆရာမ အပါအဝင် စုစုပေါင်း (၂၄)ဦး သေဆုံးတဲ့ ဖြစ်စဉ် ရှိခဲ့သလို ရာနဲ့ ချီတဲ့ ကလေးငယ်တွေဟာလည်း ဒဏ်ရာ ရတာ ရှိခဲ့ပါတယ်။

ISP Myanmar ရဲ့ ထုတ်ပြန်ချက် အရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယာယီတစ်ဖက်သတ်အပစ်ရပ်ကြောင်းကြေညာထားခဲ့တဲ့ တစ်လကျော်ကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၀ ဦး နဲ့အထက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ၆ ခုထက်မနည်း ရှိခဲ့ပြီးတော့ အဲဒီဖြစ်စဉ် ခြောက်ခုအတွင်းမှာ သေဆုံးသူ အရပ်သား ၁၁၃ ဦးထက်မနည်း ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

အဲဒီဖြစ်စဉ် ခြောက်ခုစလုံးမှာလည်း စစ်ကောင်စီဟာအရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း အာရက္ခတပ်တော်က မပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ ပဲခူးတိုင်းအတွင်းက ညောင်ကျိုးတပ်စခန်းကိုလည်း စစ်ကောင်စီဟာ ပြန်လည်ရယူလိုစိတ် နဲ့ ဧပြီလအတွင်းမှာ ပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ပြီးအကျအရှုံးများစွာ နဲ့ ပြန်လည်းတပ်ဆုတ်ခဲ့ရသလို ဒီမေလ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီဟာ စစ်မှုထမ်းအတင်းခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ တပ်သား ဦးရေ ရာချီကို စစ်ကူ ပို့ဆောင်ကာ ဒုတိယ အကြိမ် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေကြောင်း စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

3 COMMENTS

  1. This topic delivers a original perspective on modern challenges, making it essential for anyone seeking to enhance their understanding. It would be intriguing to see this implemented in practical scenarios like digital transformation. The perspectives here are truly influential, and I’m excited to see how this evolves in the future.

    page – https://talkchatgpt.com/
    джпт

  2. Your insights always spark curiosity and offer a original take on enduring topics. It would be fascinating to see you delve into how these ideas intersect with contemporary movements, like AI or sustainable living. Your knack for breaking down the complex is exceptional. Thanks for sharing such engaging content. excited for more!

    View: https://yarchatgpt.ru

LEAVE A REPLY

Please enter your comment!
Please enter your name here