Home သတင်း စစ်ဘေးရှောင် မောင်တော နဲ့ ဘူးသီးတောင် က မွတ်ဆလင် အိမ်ထောင်စု ၇၀၀ ကျော်ကို HDCO က လူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့

မောင်တော နဲ့ ဘူးသီးတောင် က မွတ်ဆလင် အိမ်ထောင်စု ၇၀၀ ကျော်ကို HDCO က လူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့

49
0
ပုံ /စာ -HDCO

Coastal News Agency

ဘူးသီးတောင် နဲ့ မောင်တောက မွတ်ဆလင်အိမ်ထောင်စု ၇၈၉စု လူဦးရေ အားဖြင့် ၅၀၀၄ ဦးအတွက်ကို အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထား‌ရေး နှင့် ဖွံဖြိုး‌ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်‌ရေးရုံး HDCO က လူ သားချင်းစာနာမှုအကူအညီပေးခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဒီလို အကူအညီပေးမှုကို အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထား‌ရေး နှင့် ဖွံဖြိုး‌ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်‌ရေးရုံး HDCO အနေ နဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ဩဂုတ်လအတွင်းမှာ မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ရှိတဲ့ရပ်ကွက်/ကျေးရွာ ၁၀ ရွာက မွတ်ဆလင်တွေကို ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပေးအပ်ခဲ့တဲ့ ပစ္စည်းတွေကတော့ ဆန် ၄၂၉ အိတ်၊တာပေါ်လင် ၂၄၈ ချပ်၊ငွေသား ၆,၈၈၀,၀၀၀ ကျပ်၊ကိုယ်ဝန် ဆောင်အားဆေး ၂၀၉ ကဒ် နဲ့ မျိုးစပါး ၂၀ အိတ် ကို ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပုံ /စာ -HDCO
ပုံ /စာ -HDCO

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေ နဲ့ ရခိုင်ဒေသမှလူသားချင်းစာနာမှု အကူအညီ ရရှိမှုနည်းပါးနေတဲ့ မြိုနယ်တွေ နဲ့ အရေးပေါ် အကူအညီအထောက်အပံ့မှု မရရှိဘဲ အခက်အခဲ ကျရောက်နေတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေအပါအဝင် ဒေသခံပြည်သူတွေဆီကို အကူအညီရောက်ရှိနိုင်ရေး အတွက်ကို တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။

လက်ရှိမှာလည်း ရခိုင်ဒေသမှာ အကူအညီပေးမှုတွေအတွက် လိုအပ်ချက်မြင့်မားနေပြီးတေ့ အကူအညီ အထောက်အပံ့ရရှိမှုနည်းနေတဲ့မြိုနယ်တွေ၊ အကူအညီမရရှိသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်အကူအညီတွေကို ပေးအပ်နိုင်ရေးအတွက် အာရက္ခတပ်တော် ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး-HDCO အနေ နဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here