Home သတင်း စစ်ဘေးရှောင် စကမ အနေ နဲ့ စစ်ရှောင်တွေ ရှိတဲ့နေရာကို ပစ်ခတ်တိုက်ခိုက်တာမလုပ်ဖို့ ကျောက်ဖြူက စစ်ဘေးရှောင်တွေတောင်းဆို

စကမ အနေ နဲ့ စစ်ရှောင်တွေ ရှိတဲ့နေရာကို ပစ်ခတ်တိုက်ခိုက်တာမလုပ်ဖို့ ကျောက်ဖြူက စစ်ဘေးရှောင်တွေတောင်းဆို

41
1

Coastal News Agency

စစ်ကော်မရှင် အနေ နဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်း၊ဒရုန်း၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ထပ်မလုပ်ကို တောင်းဆိုတယ်လို့ ကျောက်ဖြူစစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။

စစ်ကော်မရှင်တပ် နဲ့ အာရက္ခတပ်တော်တို့ဟာ ကျောက်ဖြူ မြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီးတော့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် နဲ့ ၁၇ ရက်နေ့တွေမှာ တိုက်ပွဲ ဧရိယာမဟုတ်တဲ့ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ဂျက်ဖိုက်တာ၊အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကော်မရှင်ရဲ့ နေဗီကတွေကလည်း လ က်နက်ကြီးတွေ နဲ့ ပစ်ခတ် တိုက်ခိုက်တာလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲဲ့တဲ့ အတွက်ကြောင့် ၂ ရက်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး နေထိုင်ရာနေရာတွေ နဲ့ နွားတွေလည်း သေဆုံးခဲ့ရပါတယ်။

အဲဒါကြောင့် စစ်ကော်မရှင်အနေ နဲ့ လက်နက်မရှိတဲ့ အရပ်သားပြည်သူ စစ်ရှောင်တဲ့ နေရာတွေကို ထပ်မံပစ်ခတ်တိုက်ခိုက်တာ မလုပ်ဘဲ စစ်တပ်အချင်း ချင်းတိုက်ခိုက်တဲ့ နေရာတွေကိုသာ တိုက်ခိုက်ကြဖို့ တောင်းဆိုတယ်လို့ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၂ ဦးသေဆုံးသွား ခဲ့ရတဲ့ ကျောက်ဖြူဒေသခံ စစ်ဘေးရှောင်တစ်ဦးက တောင်းဆို ပါတယ်။

“ကျနော်မှာ ဒီဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်တာကြောင့် မိသားစုဝင် ၂ ယောက်သေဆုံးခဲ့ရတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သလဲဆိုတော့က ကျနော်တို့ ပြည်သူတွေမှာ ဘာလက်နက်မှမရှိဘူး အဲဒီဟာကိုလေကြောင်းက ဗုံးကြဲတာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလုပ်နေစရာမလိုဘူး အဲဒါကြောင့် အခုလို လေကြောင်း၊ဒရုန်းတွေ နဲ့ တိုက်ခိုက်တာမလုပ်ဖို့ကိုတောင်းဆိုချင်တယ်။ သူတို့ စစ်တပ်အချင်းချင်းတိုက်ကြ ကျနော်တို့နေထိုင်ရာနေရာတွေကို မတိုက်ခိုက်စေချင်ဘူး”လို့သူကတောင်းဆိုပါတယ်။

အဲဒီလိုမှ မဟုတ်ရင် စစ်ကော်မရှင်ကဘဲဖြစ်ဖြစ် အာရက္ခတပ်တော်ကဘဲ ဖြစ်ဖြစ် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်မှု ဆက်လက်မဖြစ်လာအောင် ပြည်သူတွေကို လုံခြုံတဲ့ နေရာတွေမှာ နေရာချပေးဖို့ကိုလည်း တောင်းဆိုချင်တယ်လို့ သူကတောင်းဆိုပါသေးတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကပင် နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်စတင်ဖြစ်ပွါးခဲ့ပြီးတော့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွါကာ ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီလိုထွက်ပြေးပြီးတဲ့ နောက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာနေရာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ အတွက် နေရာ ၄ ခုအထိကို ပြောင်းရွှေ့လာရပြီး ဖြစ်တဲ့ အတွက် စစ်ကော်မရှင် အနေ နဲ့ စစ်ရှောင်တွေ နေထိုင်ရာနေရာကို အခုလို လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ ဆက်မလုပ်ဖို့တောင်းဆိုတယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ကလေ ကျေးရွာ အနီးက စစ်ဘေးရှောင်စခန်းမှာနေထိုင်နေသူ တစ်ဦးက ထပ်မံတောင်းဆိုပါတယ်။

“ကျမတို့နေရာပြောင်းတာ ၄ ခုရှိပြီ အခုလည်းဒီနေရာမှာ မလုံခြုံတော့တဲ့ အတွက် ထပ်ပြောင်းရပြန်တော့မယ် အဲဒါကြောင့် စစ်ကော်မရှင် အနေ နဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စခန်းတွေကို အခုလိုတိုက်ခိုက်တာ မလုပ်ဖို့ကို တောင်းဆိုချင်တယ်”လို့ သူကတောင်းဆိုပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးနောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသတွေကို စစ်ကော်မရှင်တပ်တွေလက်ထဲက အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတက်လုပ်ဆောင်နေပြီးဖြစ်သလို သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေ ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

သတင်း – ဟိန်းဆက်

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here