Home သတင်း စစ်ဘေးရှောင် နေရပ်ပြန်ခွင့်မရသေးတဲ့ သံတွဲက စစ်ရှောင်တွေအတွက် ဆေးဝါး နဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လိုအပ်နေ

နေရပ်ပြန်ခွင့်မရသေးတဲ့ သံတွဲက စစ်ရှောင်တွေအတွက် ဆေးဝါး နဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လိုအပ်နေ

34
3
ပုံ - လေးဝတီ - သံတွဲ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့

Coastal News Agency

နေရပ်ပြန်ခွင့်မရသေးတဲ့ သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ဆေးဝါး နဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီကသိပါတယ်။

သံတွဲမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် စစ်ကော် မရှင်တပ်တွေ ရဲ့ နေဗီကနေ လက်နက်ကြီးပစ်ခတ်မှု ရန် နဲ့ မြေမြုပ်မိုင်း အန္တရာယ်တွေကြောင့်လက်ရှိအချိန်ထိ နေရပ်ပြန်ခွင့် မရသေးတဲ့ အတွက် စစ်ဘေးရှောင်စခန်းတွေ မှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒီလို စစ်ဘေးရှောင်စခန်းတွေမှာ‌နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အလုပ်အကိုင် မရှိတာတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပြီးတော့ ကျန်းမာရေး အတွက်လည်း ဆေးဝါးအတွက် အကူအညီပေးမှုတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက အခုလို ပြောပြပါတယ်။

“နေရပ်ပြန်ခွင့်မရတဲ့စစ်ဘေးရှောင်တွေကတော့ ၃၀၀၀ ကျော်လောက်ရှိသေးတယ် အဓိကတော့ နေဗီက လက်နက်ကြီးပစ်ခတ်မှုရန် ပြီးတော့ မြေမြုပ်မိုင်း အန္တရာယ်တွေကြောင့် မပြန်ရသေးတာဖြစ်တယ်။အဓိကတော့ သူတို့တွေက အလုပ်အကိုင်ကလည်းမရှိတော့စားသောက်ရေးက လုံးလုံးအဆင်မပြေဖြစ်တယ်။နောက်တစ်ခုက အခုအချိန်က ဆောင်းတွင်းရာသီဖြစ်တော့ နှာစေးချောင်းဆိုးဖျားနာတာတွေကများတယ် ဆေးဝါးကလည်း မလုံလောက်ဖြစ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဒေသခံ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေ အနေ နဲ့ အလှူခံကာအတတ်နိုင်ဆုံးကူညီဖြေရှင်းပေးတာတွေလုပ်ဆောင်နေ ပေမယ့် ဒီနောက်ပိုင်းမှာ ကူညီရေးအဖွဲ့တွေအနေအလှူငွေရရှိမှု နည်းပါးတာကြောင့် ပိုမို အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ နောက်ထပ်စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“အခုကအလှူခံရင်လည်း ရတာက အရမ်းနည်းတယ် စစ်ရှောင်တွေကလည်း စားစရာမရှိရင်လာတောင်းကြတယ် ကျနော်တို့ကလည်း မရှိရှိတာ ရှာပြီးတော့ပေးကြရတယ် လုံးလုံးရှာမရတော့ရင် အိမ်မှာ စားဖို့ထားတဲ့ ဆန်တွေကနေ ခွဲပေးနေရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”လို့ သူကပြောပြပါတယ်။

အဲဒါကြောင့် သံတွဲမြို့နယ်အတွင်းက နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေပြည်သူတွေ အနေ နဲ့ ထောက်ပံ့ကူညီပေးကြဖို့တောင်းဆိုတယ်လို့လည်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေက တောင်းဆိုကြပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here