Home သတင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းက လေဖိအားရပ်ဝန်းဟာ အား​​ကောင်းတဲ့ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်ပြောင်းလာနိုင်

ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းက လေဖိအားရပ်ဝန်းဟာ အား​​ကောင်းတဲ့ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်ပြောင်းလာနိုင်

56
0

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တော့ နောက် ၃ ရက်အတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်သို့ပြောင်းလဲ လာနိုင်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ”လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်ကို ပြောင်းလာနိုင်ပြီး အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)”DANA” အဖြစ်ကို ရောက်လာနိုင်ပြီး အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာတော့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM – SCS)အဖြစ်ကို ရောက်လာနိုင်တယ်လို့ ” ဖော်ပြထားပါတယ်။

အဲဒီနောက် မုန်တိုင်းဟာ အောက်တိုဘာ ၂၄ ရက် ညပိုင်း နဲ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းတွေအိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီကို ဦးတည်ရွေ့လျားပြီး အဲဒီနေရာတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက မန္တလေးတိုင်းတောင်ပိုင်း (မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီနောက် မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်း၊ပင်လယ်ပြင်မှာတော့ တနာရီ မိုင် ၄၀ ခန့်အထိ တိုက်နိုင်ကြောင်း၊ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ မှ ၁၀ ပေအထိရှိနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here