ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရေဘေးဒဏ်ကိုခံစားခဲ့ရတဲ့ မင်းပြားမြို့ ဖုံသာချောင်းအနီးက ကျေးရွာ ၁၃ ရွာက ရေဘေးသင့်ပြည်သူတွေကို စိတ္တရလူငယ်အသင်းက ဦးဆောင်ကာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေ အနေ နဲ့ ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့တွေလိုအပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။



မင်းပြားမြို့ ဖုံသာချောင်းအနီးက ကျေးမကြီး၊ကြွီချောင်း၊ပြင်ဝ၊သရက်အုပ်၊င/လင်ကြီး၊နတ်ထောက် (ရွာသစ်/ရွာဟောင်း)၊အောက်ခချီး(အထက်/အောက်)ကျေးမကြီး၊ကိုင်းကြီး၊ကျေးမချေ နဲ့ ရွာသာယာ စတဲ့ ကျေးရွာတွေဟာ ရေဘေးဒဏ်ကို ခံခဲ့ရသလို နေအိမ်တွေလည်း ပျက်စီးသွားခဲ့ရပြီး လက်ရှိအချိန်ထိ နေအိမ်တွေပျက်စီးသွားခဲ့ရတဲ့ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေး နဲ့ နေအိမ်ဆောက်လုပ်လှူဒါန်းရေးတွေအတွက် ငွေကြေးအထောက်အပံ့တွေများစွာလိုအပ်နေသေးတာလည်းဖြစ်ပါတယ်။



စိတ္တရလူငယ်အသင်းတာဝန်ရှိသူက”ရေဘေးသင့်ပြည်သူတွေထဲမှာ အမုိးအကာအောက်ကို မရောက်သေးတဲ့ သူတွေ အများကြီးရှိနေသေးတယ်။အလှူငွေ အထောက်အပံ့တွေပေးဖို့လိုအပ်နေသေးတယ်။ ကျနော်တို့တွေလည်း အတတ်နိုင်ဆုံးတော့ကူညီပေးနေတယ်လို့ “သူကပြောပါတယ်။
မင်းပြားမြို့နယ်ဟာ အာရက္ခတပ်တော်က စစ်ကောင်စီလက်ထဲကနေပြီးတော့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီး အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။


