မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ . ၇ ဖြင့် လှုပ်ခတ်သွားခဲ့တဲ့ မြေငလျှင်ဒဏ်ကြောင့် Chatuchak ရပ်ကွက်မှာ ရှိတဲ့ ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျသွားခဲ့ရပြီး လက်ရှိမှာ သေဆုံးသူ ၆၇ ဦးထိရှိလာနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အဲဒီအဆောက်အဦးလုပ်ငန်းခွင်တွေ ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ထိုင်းနိုင်ငံ နဲ့ တခြားနိုင်ငံသားအများအပြားပါ အလုပ်လုပ်ကိုင်နေကြတဲ့ နေရာ ဖြစ်ပြီးတော့ လူဦးရေးဘယ်လောက်ထိလုပ်ကိုင်နေတယ်ဆိုတဲ့ စာရင်းတွေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် ပေထုတ်တန်ကလည်း လက်ရှိ မြေငလျှင် လှုပ်ခတ်ပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကို အရေးပေါ်ဧရိယာအဖြစ် ကြေညာဖို့ ဝန်ကြီးဌာနတွေကို ညွှန်ကြားလိုက်ပြီး ထိုင်းတစ်နိုင်ငံလုံးကိုလည်း အရေးပေါ်အခြေအနေအဖြစ် မှတ်ယူဖိုကို ဝန်ကြီးက သတိပေးလိုက်ပါတယ်။
ထိုင်းမိုးလေဝသဌာနက ငလျှင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲ Aftershock ငလျှင်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအထိ ဆက်လှုပ်ခတ်နိုင်သေးတာကြောင့် ရုံးများ၊ အဆောက်အအုံတွေထဲ ပြန်မဝင်သေးဘဲ လမ်းများပေါ်တွင် ဘေးလွတ်ရာ နေရာတွေမှာ ရှာဖွေနေထိုင်ကြဖို့ ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
