Home သတင်း မြေငလျင်လှုပ်ခတ်မှုဆက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ အနေ နဲ့ သတိထား နေထိုင်ဖို့ MEC သတိပေး

မြေငလျင်လှုပ်ခတ်မှုဆက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ အနေ နဲ့ သတိထား နေထိုင်ဖို့ MEC သတိပေး

43
0

ဒီနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီ ၅၁ မိနစ်မှ စစ်ကိုင်း နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ (၇.၇)အဆင့်ရှိ အင်အားပြင်း မြေငလျင် နဲ့ အတူ နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှုဟာ ဆက်ရှိလာနိုင်တဲ့ အတွက် ပြည်သူတွေ အနေ နဲ့ သတိထားနေထိုင်ကြဖို့ Myanmar Earthquake Committee က ဒီည ၁၁ နာရီကျော်မှာ ထပ်မံသတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဒီနေ့ မတ်လ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီ ၅၁ အချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မန္တလေးမြို့အနီး ဗဟိုပြုပြီး ပမာဏ (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ ရဲ့ အလယ်ပိုင်း တလျှောက် လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ အဲဒီ ငလျင်ကြီးနဲ့ အတူ နောက်ဆက်တွဲ ငလျင်ငယ်တွေဟာလည်း စစ်ကိုင်းပြတ်‌ရွေ့ တလျှောက်က လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စတဲ့ မြို့တွေ မှာ ဆက်လက်လှုပ်ခတ်တာတွေ ရှိနေတယ်လို့ဆိုပါတယ်။

ဒီမြေငလျင်ဟာ မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန့် နေတဲ့ အတွက် အလားတူ ငလျင်ကြီးတွေ ဆက်လက် ဖြစ်ပေါ် နိုင်တာကြောင့် စစ်ကိုင်းပြတ်ရွေ့ ရဲ့ အလယ်ပိုင်း နဲ့ တောင်ပိုင်း တလျှောက်က မြို့ကြီးတွေ ဖြစ်ကြတဲ့ ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့ စသည့်မြို့ကြီးတွေ နဲ့ အနီး ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသက ပြည်သူတွေဟာ သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေဟာလည်း နောက်ဆက်တွဲငလျင် လှုပ်ခတ်လာခဲ့ရင် ပိုမို ထိခိုက်ပျက်စီးလာနိုင်တာကြောင့် လတ်တလော ဝင်ရောက်နေထိုင်တာ အသုံးပြုတာတွေကိုလည်း ရှောင်ရှားဖို့ကို တိုက်တွန်းပြောဆိုထားပါတသေးတယ်။

အဲဒီအဆောက် အအုံတွေ ထဲမှာ ပြန်လည်ဝင်ရောက် နေထိုင်မယ်ဆိုရင်လည်း အဆောက်အအုံတွေကို နားလည်တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေ နဲ့ ဘေးကင်း လုံခြုံကြောင့် စနစ်တကျ စစ်ဆေးစိစစ် ပြီးမှသာ ပြန်လည် အသုံးပြုနေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီနေ့ မြေငလျင်လှုပ်ခတ်မှုကြောင့် နေရာဒေသ အသီးသီးမှာ သေဆုံးသူ ၁၄၄ ဦး ထိခိုက်ဒဏ်ရာရသူ ၇၃၂ ဦးရှိကြောင်း လောလောဆယ်သိရှိထားရကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here