Home သတင်း ပြင်းထန်တဲ့ ငလျင်ကြောင့်ထိခိုက်သူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ ယူနန်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိ

ပြင်းထန်တဲ့ ငလျင်ကြောင့်ထိခိုက်သူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ ယူနန်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိ

52
0
ပုံစာ- မြန်မာနိုင်ငံသို့ ရောက်လာသော ကယ်ဆယ်ရေးအဖွဲ့ဝင်များ/ Chinese Embassy In Myanmar

မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနိုင်ဖို့ အတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေး နဲ့ ဆေးကုသရေးအဖွဲ့ဝင် ၃၇ ဦးဟာ ဒီနေ့ မနက် ၇ နာရီကျော်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ဒီအဖွဲ့ဟာငလျင်ဖြစ်ပြီး ၁၈ နာရီအကြာမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ဖို့ အတွက် မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ အဖွဲ့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒီအဖွဲ့ဟာ ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်ကို အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီးတော့ ပမာဏ (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ ရဲ့ အလယ်ပိုင်း တလျှောက် လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ အဲဒီ ငလျင်ကြီးနဲ့ အတူ နောက်ဆက်တွဲ ငလျင်ငယ်တွေဟာလည်း စစ်ကိုင်းပြတ်‌ရွေ့ တလျှောက်က လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စတဲ့ မြို့တွေ မှာ ဆက်လက်လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်း နဲ့ မန္တလေးအပါအဝင် မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူတွေဟာလည်း ထိခိုက်ဒဏ်ရာ ရတာ များစွာရှိခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီ အနေ နဲ့ လည်း ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းတစ်ခုတည်းမှာ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးထိရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here